ဧပြီ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်နဲ့ ရှမ်းပြည်နယ်က မြို့နယ်အများစုမှာ ယမန်နေ့ ဧပြီ ၂၅ရက်က မိုးကြီးပြီး လေပြင်းတိုက်ခတ်လို့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုရှိခဲ့ပါတယ်။
ကချင်ပြည်နယ်က ဖားကန့်၊ မြစ်ကြီးနား၊ မိုးကောင်းနဲ့ နမ္မတီးမြို့နယ်၊ ရှမ်းပြည်နယ်က ကျောက်မဲ၊သီပေါ၊ လားရှိုး၊ ကွတ်ခိုင်မြို့တွေမှာ ဧပြီ ၂၅ရက်နေ ၄နာရီခန့်ကစပြီး မိုးသက်လေပြင်းကျတာပါ။
လေပြင်းတိုက်ခတ်ပြီး မိုးသီးတွေလည်း ကြွေကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေမှာလည်း အပျက်အစီးများတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သင်္ကြန်ကာလနောက်ပိုင်း ဒေသအများစုမှာ အပူချိန်တွေမြင့်တက်နေသလို မိုးကြီးပြီး လေပြင်းကျတာတွေလည်း ဖြစ်နေပြီး လူထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
နွေအကုန်မိုးအကူးကာလများအတွင်း လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့နေရာကွက်၍မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။
ဧပြီနဲ့ မေလအတွင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။


















































