သတင်း ကနီ မှာ စစ်ကြောင်းထိုးလို့ ပြည်သူ ၈,၀၀၀ ကျော် စစ်ဘေးရှောင်နေရ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်အတွင်းကို အာဏာသိမ်း စစ်တပ် က အင်အားအလုံးအရင်းသုံးပြီး ဧပြီလ ၂၈ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံပြည်သူ ၈,၀၀၀ ကျော် ဘေးလွှတ်ရာကို စစ်ဘေးရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း မြဝတီမြို့ပေါ်မှာ ကရင့်လက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်ဆောင်မှုကို စစ်တပ်တင်းကျပ် မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း မြဝတီမြို့ကိုထိန်းချုပ်ဖို့ စစ်တပ်က ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ မလိုအပ်ဘဲ လက်နက်မကိုင်ဆောင်ဖို့ ကန့်သတ်လာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း တပ်မ(၁၀၁)က တပ်သားငါးဦး ကားနဲ့ လက်နက်တွေယူလာပြီး PDFထံ အလင်းဝင်လာ ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း စစ်အုပ်စုကို အရေးယူမှုတိုးမြှင့်လုပ်ဆောင်ဖို့ နိုင်ငံတကာကို ကုလကျွမ်းကျင်သူ တောင်းဆို နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း မြန်မာ-ထိုင်းနယ်စပ်မြို့ မောတောင်မြို့ကို စစ်တပ်ထပ်မံဗုံးကြဲလို့ ဇနီးမောင်နှံ ၂ဦး သေဆုံး ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 29, 2026
သတင်း မင်းတပ်မြို့ကိုကာကွယ်ဖို့မြို့သိမ်းတိုက်ပွဲကထက် ပိုအင်အားကြီးတဲ့တပ်အဖြစ် စုစည်းထားနိုင်ပြီလို့ ချင်းတပ် CPU ခေါင်းဆောင်ပြော ချင်းညီနောင်နဲ့ချင်းပြည်ကောင်စီကြားစုပေါင်းခံစစ်ဟာထိရောက်မှုရှိ ဂုဏ်ယူစရာအားထုတ်မှုဖြစ်၊ဖလမ်းမြို့စစ်တပ်ပြန်ရပေမယ့်ပွဲမပြီးသေးဟု အသိပေး ludunwayooဧပြီ 29, 2026
သတင်း မတ္တရာနယ်ကစစ်တပ်မီးရှို့ခဲ့တဲ့အိမ်တွေကို PDFတွေကမီးရှို့တယ်လို့ပြောပေးရင်လျော်ကြေးတဝက်ပေးမယ်ဆိုပြီးစစ်တပ်လိုက်စည်းရုံး စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့တဲ့မတ္တရာမြို့နယ်မှာတိုက်ပွဲတွေဖြစ်စဉ် စစ်တပ်မီးရှို့ဖျက်ဆီးခဲ့တဲ့အိမ်တွေကို စစ်တပ်ကလျော်ကြေးငွေတဝက်ပြန်ပေးမယ် PDFတွေကမီးရှို့တာလို့ပြောခိုင်းစည်းရုံးပြီး အိမ်စာရင်းတွေလစတင်ကောက်ယူနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ludunwayooဧပြီ 29, 2026
သတင်း သပိတ်ကျင်းနယ် စစ်တပ် နေရာနှစ်ခုတိုက်ခိုက်ခံရ၊ စစ်သားတစ်ဦး သေဆုံး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာနှစ်ခု တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိကာ အလောင်းတစ်လောင်းနဲ့ ခဲယမ်းတွေ ရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooဧပြီ 29, 2026
သတင်း ဖားကန့်၊လုံးခင်းကျေးရွာမှာတိုက်ပွဲပြင်းထန်နေ ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာထဲက စစ်တပ်တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး လက်နက်ကြီး နဲ့ ဒရုန်းတိုက်ပွဲ ပြင်းထန်နေပါတယ်။ ludunwayooဧပြီ 29, 2026