Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသတွင် သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၈၀ ခန့်ဖြစ်ပွားခဲ့

စစ်ကောင်စီတပ်ဘက်မှ ၂၀၀ ကျော်သေပြီး

တောင်ပိုင်းစစ်​​ဒေသမှ PDF များနှင့် သြဂုတ်လအတွင်း တိုက်ပွဲများ၌ သိမ်းဆည်းရရှိ​သောစစ်အသုံးအ​ဆောင် ပစ္စည်းအချို့ ။ဓါတ်ပုံ-​တောင်ပိုင်းစစ်​ဒေသ

PDF ၈ ဦးကျဆုံး

ကျော်ဇော/People’s Spring

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၇၇ ကြိမ်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၂၅ ဦးသေဆုံးကာ တော်လှန်ရေးတပ်သား ၈ ဦးကျဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊​တောင်ပိုင်းစစ်​ဒေသက ယနေ့(စက်တင်ဘာ ၁၄)တွင်ထုတ် ပြန်သည်။

အဆိုပါတိုက်ပွဲများအနက် ထားဝယ်မြို့နယ် စပ်ရေးရာဝန်ကြီး ကားတန်းအား တိုက်ခိုက်မှု၊ တောင်ငူလေတပ်စခန်း ဌာနချုပ်အား “Rain of Fire” စစ်ဆင်ရေး အမည်ဖြင့် တိုက် ခိုက်ခဲ့မှုများ ပါဝင်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ ရန်သူ့တပ် အထိုင်ချတပ်စွဲထားသော စခန်းများ၊ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု (၇၆)ကြိမ်နှင့် အထက်၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု (၇)ကြိမ်နှင့် အထက်၊ မိုင်းဆွဲတိုက်ခိုက်မှု (၁၃)ကြိမ်နှင့်အထက်၊ စစ်ကောင်စီသတင်းပေးဒေါက်တိုင်များကို ရှင်းလင်းတိုက်ခိုက်မှု (၅)ကြိမ်အပါ အဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာကိုလည်း ဖော်ဆောင်ခဲ့ကြောင်း အသိပေးသည်။

အထက်ပါ တိုက်ပွဲများအနက် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဒရုန်း (၁) စီး ဗုံးသီး (၃)လုံး၊ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာအနီး၌ ရန်သူ့တိုက်ခိုက်ရေးဒရုန်းတစီးကို ပစ်ချနိုင်ခဲ့သည့်အပြင် အ ခြားစစ်ဆင်ရေးများတွင်လည်း လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ခိုးယူလာသော ငွေသားနှင့် ဖုန်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း(၂၂၅)ဦး သေဆုံး၍ (၁၇၄)ဦး ဒဏ်ရာရကာ၊ ပြည်သူ့ကာကွယ်ရေးတပ်သား (၈)ဦး ကျဆုံးကာ (၃၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း NUG/MOD က အသိပေးသည်။

အလားတူ သတင်းပေး၊ စစ်ကောင်စီမိသားစုဝင်များ၊ လက်နက်ချအညံ့ခံသူများအား သုံ့ပန်းအနေဖြင့် လက်ရဖမ်းဆီးရမိခဲ့သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်း သိမ်းစောင့်ရှောက်ထားပြီး စစ်ကောင်စီ၏မတရားအမိန့်များကို ဖီဆန်လျက် ပြည်သူ့ရင် ခွင်ခိုလှုံလာသော CDM သူရဲကောင်းများကိုလည်း ထိုက်ထိုက်တန်တန်ဆုချီးမြင့်ခြင်းများ ပြုလုပ်ပေးခဲ့သည်ဟု ​တောင်ပိုင်းစစ်​ဒေသက ဆိုသည်။

သို့ဖြစ်ရာ ရှုံးမဲမဲနေသော စစ်ကောင်စီသည် အကြမ်းဖက်လုပ်ရပ်များစွာကို နိုင်ငံအနှံ့ အပြား၌ နေ့စဉ်ပြုလုပ်လာပြီး လေကြောင်းမှတိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လက် နက်ကြီးဖြင့်ကျေးရွာများအတွင်း ပစ်ခတ်ခြင်းများကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အပြစ်မဲ့ပြည်သူ (၂၅)ဦး သေ ဆုံးခဲ့ရပြီး (၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

ယင်းအပြင် တောင်ပိုင်းစစ်ဒေသက ရရှိထားသည့် အချက်အလက်များအရ သြဂုတ်လအတွင်း အတင်းအကြပ်စစ်မှုထမ်းခိုင်းရန်နှင့် မတရားဖမ်းဆီးခေါ်ဆောင်ခံရသူစုစုပေါင်း (၅၉၈)ဦး ရှိပြီဖြစ်ကြောင်းလည်း ထုတ်ပြန်အသိပေးသည်။

“တောင်ပိုင်းစစ်ဒေသသည် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၏ စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနှင့်ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များကိုအထိရောက်ဆုံးဖော်ဆောင်နိုင်ရန် စစ်ရေးလှုပ်ရှား မှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ လူထုအား အသိပေးထုတ်ပြန်အပ်ပါသည်”ဟု ဖော်ပြသည်။

တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းတပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) များ၊ LDF များ၊ မွန်ပြည်သစ်(AD)ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၊ ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း၍ စစ်ဆင်ရေးများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။