Connect with us

Hi, what are you looking for?

သတင်း

မြစ်သားအနောက်ခြမ်းကျေးရွာများ ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်၍ စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်အနောက်ခြမ်းတွင် ရေနစ်မြုပ်ကျေးရွာများဆီ ကုညီကယ်ဆယ်ရေးအဖွဲ့များမရောက်၍ အဆိုပါဒေသရှိ ပြည်သူများ စားနပ်ရိက္ခာအခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများအိမ်ခေါင်မိုးပေါ် တက်နေနေ၍ ကယ်ဆယ်ရေးအဖွဲ့များစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်အနောက်ခြမ်းတွင် ရေနစ်မြုပ်ကျေးရွာများဆီ ကုညီကယ်ဆယ်ရေးအဖွဲ့များမရောက်၍ အဆိုပါဒေသရှိ ပြည်သူများ စားနပ်ရိက္ခာအခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက်ကတည်းက ရေကြီးနေသည့် မြစ်သားမြို့အနောက်ဘက်ရှိ ကင်းစိန်ဈေး အနောက်ရွာ၊ ပေါက်မြိုင်၊ အင်းယင်း၊ တမာပင်၊ နွားဖြူငယ်၊ စမုံပေါက်၊ သစ်တတ်ကုန်း၊ လောင်းတော်ဦး၊ နွားကူးလေး၊ တကိုတည်း၊ ယွေး၊ ဒါးရဲကောင်း၊ ကင်းစိန်ဈေးအရှေ့ အစရှိသည့် ကျေးရွာများသို့ ကယ်ဆယ်ရေးစက်လှေများ ရောက်ရှိလာခြင်းမရှိကြောင်း၊ ထို့အပြင် အစားအသောက်နှင့် ထမင်းထုပ်ဝေသည့်စက်လှေများပါ ရောက်မလာ၍ ရေဘေးသင့်ပြည်သူများ အခက်အခဲဖြစ်နေကြောင်း မြစ်သားမြို့နယ်အနောက်ခြမ်း ဒေသခံများက ပြောသည်။

“ရေက ဘေးကြပ်နံကြပ်မို့ ဘယ်သူမှ ထမင်းထုပ်လာမပို့သလို စက်လှေတွေအကုန်လှည့်ပြန်သွားကြတာချည်းပါပဲ။ ကြာရင် အစာအိမ်ထိခိုက်ပြီး ကလေးငယ်တွေနဲ့ အဘိုးအဘွားတွေ သတိလစ်နိုင်တဲ့ အထိအနေအထားမို့ပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်ဆည်နှင့် မြစ်သားမြို့နယ်များရှိ ရေဘေးသင့်ဒေသများသို့ ထမင်းထုပ်များလာရောက်ပို့ဆောင်နေကြသော်လည်း စက်လှေမောင်းနှင်တတ်သူနည်းပါးခြင်း၊ ရေစီးသန်ခြင်း၊ လမ်းကြောင်းမကျွမ်းကျင်ခြင်းများကြောင့် အလှည့်ကျပို့ဆောင်နေရ၍ နောက်ကျနေရခြင်းဖြစ်ကြောင်း ပရဟိတအဖွဲ့အချို့က ပြောသည်။

ထို့အပြင် ရေဘေးသင့် ဒေသအချို့တွင် ပရဟိတအဖွဲ့များယူဆောင်လာသည့် စက်လှေများကို စစ်ကောင်စီကသိမ်းယူပြီး ၎င်းတို့ပို့လိုသည့်ဒေသသို့ ပို့ဆောင်နေကြောင်း၊ ထို့ကြောင့် ပရဟိတအဖွဲ့များမှာ စိတ်ရှိသလောက် မကူညီနိုင်ဘဲဖြစ်နေကြောင်း ပရိဟတသမားအချို့က ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းတို့တွင် ရေဘေးအား အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရမည်းသင်း၊ တပ်ကုန်းနှင့် ကလောမြို့နယ်တို့တွင် ပြည်သူအများအပြား သေဆုံးခဲ့ပြီး လူဦးရေသိန်းချီ ရေဘေးဒုက္ခ ကြုံတွေ့နေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်