Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည် ရေဘေးသင့် ပြည်သူ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေဟု IEC ထုတ်ပြန်

ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(စက်တင်ဘာ ၁၄ရက်) ကြေညာသည်။

ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဘက်ခြမ်းမှ ဒေသခံများ ရေဘေးကြောင့် ရွှေ့ပြောင်းနေရစဥ်။ ဓာတ်ပုံ CJ

ရဲခေါင်/People’s Spring

ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(စက်တင်ဘာ ၁၄ရက်) ကြေညာသည်။

ကရင်နီပြည်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးဆောင်နိုင်ရန် ပန်ကြားဖိတ်ခေါ်ခြင်းလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၉ ရက်မှစ၍ ကရင်နီပြည်နယ်၌ ယခုသီတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးကို ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နှင့်ရှားတောမြို့နယ်တို့တွင် ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထိုအခြေအနေတွင် IEC က လူသားချင်းစာနာထောက်ထားခြင်းနှင့် ပြန်လည်ထူထောင်ရေးဌာနမှ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာပါဝင်ပတ်သက်သူများ နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေ​ကြောင်း အသိပေးသည်။

“အရေးပေါ်စားနပ်ရိက္ခာ အဝတ်အစား၊ ဆေးဝါး နဲ့ ထိခိုက်နစ်နာသူတွေအသေးသုံးနိုင်ဖို့ ငွေသားလိုအပ်ပါတယ်။ ရေထဲပါသွားတဲ့စစ်ရှောင်တဲတွေဆိုရင် ဘာမှမကျန်တော့တဲ့အခြေအနေမှာရှိနေပါတယ်”ဟု ကရင်နီပြည်နယ်မှ ရေဘေးသင့် ပြည်သူများအားကူညီနေသည့် ကိုအားသိုက်က လူထုနွေဦးသို့ ပြောသည်။

ရေဘေးနှင့်မြေပြိုမှုကြောင့် အထက်ပါမြို့နယ်ငါးခုမှ အိမ်ထောင်စု ၅,၇၄၇ ခု မှ လူဦးရေ ၂၈,၇၃၅ ဦးရှိကာ အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ဆီ၊ဆား၊ပဲ များနှင့် တစ်ကိုယ်ရေသုံးပစ္စည်း ဆပ် ရပြာ၊သွားတိုက်ဆေး၊ သွားတိုက်တံ၊ အဝတ်အထည်၊ အမျိုးသမီးအသုံး အဆောင်များနှင့် သောက်ရေသန့်များလိုအပ်နေသည်ဟု ဆိုသည်။

ထို့အပြင် လတ်တလောယာယီရွှေ့ပြောင်းနေထိုင်ရသည့် အိမ်ထောင်စု ၅,၇၄၇ ခုအတွက်အရေးပေါ်တဲဆောက်နေထိုင်ရန် ဝါး၊မိုးကာ နှင့် သွပ်ကြိုးများ ကူညီပေးရန် ဖိတ်ခေါ်ထားသည်။

ကရင်နီပြည်နယ်၌ ရေဘေးနှင့်မြေပြိုမှုကြောင့် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းအရ သေဆုံးသူ ၂၄ ဦးရှိပြီး ဒဏ်ရာရှိသူများလည်းရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။