Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် ဆီပြန်တန်းစီနေရ

မန္တလေးမြို့တွင် ဆီဆိုင်အချို့ အရောင်းရပ်နားထား၍ ရောင်းချနေသည့် ဆိုင်များတွင် တန်းစီဝယ်ယူသူ ပြန်လည်များပြားလာကြောင်း မြို့ခံများက ပြောသည်။

သြဂုတ်လအတွင်းက မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရန်တန်းစီခဲ့ရသော ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် ဆီဆိုင်အချို့ အရောင်းရပ်နားထား၍ ရောင်းချနေသည့် ဆိုင်များတွင် တန်းစီဝယ်ယူသူ ပြန်လည်များပြားလာကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာ ၁၂ရက်ကတည်းက သီလဝါဆိပ်ကမ်း၌ ဆီထုတ်နေရသည်ဆိုကာ မန္တလေးမြို့ရှိ ဓာတ်ဆီဆိုင်အချို့ ဆီရောင်းချခြင်းမရှိ၍ ရောင်းပေးသည့်ဆိုင်များတွင် တန်းစီဝယ်ရသည့်အခြေအနေ ပြန်ရောက်သွားကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့အနှံ့ ဆိုင်ကယ်နဲ့ဆီလိုက်ထည့်တာ ပါတဲ့ဆီသာကုန်တယ်။ ဆီမရခဲ့ဘူး။ ဆိုင်တော်တော်များများ အရောင်းပိတ်ထားတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

ရရှိသည့်ဆိုင်များတွင်လည်း အကန့်အသတ်ဖြင့်ရောင်းချခြင်း၊ ယာဥ်တန်းများရှည်လျားခြင်း၊92 ဆီတစ်မျိုးတည်းသာရ​ရှိခြင်းများ ဖြစ်ပေါ်နေကြောင်း မန္တလေး မြို့ခံများက ပြောသည်။

“ဆီဆိုင်အသေးတွေတော်တော်များများ မရတော့တာ။ မဝင်တာပေါ့။ BOC တို့ Denko တို့တော့ရတယ်။”ဟု ဆီဆိုင်ငယ်ဝန်ထမ်းတစ်ဦးကဆိုသည်။

ပျော်ဘွယ်၊ ရမည်းသင်းမြို့နယ်များတွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရေကျော်နေ၍ စက်သုံးဆီကားများရပ်တန့်နေရသည်ဟုလည်း စက်သုံးဆီဆိုင်အချို့က ဆိုသည်။

“အရင်တုန်းကလောက်အထိတော့ မကြာဘူး။၄၅မိနစ်လောက်တော့တန်းလိုက်ရတယ်။ တစ်သောင်းဖိုးရတယ်။”ဟု သုံးဘီးယာဥ်မောင်းတစ်ဦးက ပြောသည်။

ယနေ့ မန္တလေးမြို့ရှိ စက်သုံးဆီပေါက်စျေးမှာ 92 ဆီအမျိုးအစား တစ်လီတာ ၃၁၃၅ ကျပ်၊ 95 ဆီအမျိုးအစား တစ်လီတာ ၃၂၇၅ ကျပ် ရှိနေပြီး ပြင်ပပေါက်စျေးမှာ 92 တစ်လီတာ ၄၃၅၀ ကျပ်ဝန်းကျင်ရှိနေကြောင်း သိရသည်။

ဇူလိုင်နှင့် သြဂုတ်အတွင်းက စက်သုံးဆီများ ပြတ်တောက်နေ၍ တစ်နိုင်လုံး ဆီဝယ်ယူရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်တွင်း စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ကျပ် ၁၀၀ ကျော် ထပ်မံစျေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

သတင်း

လုပ်ငန်းကော်မတီဖွဲ့စည်းမှုအပေါ် NUG ဝန်ကြီးချုပ်ဂုဏ်ပြုသဝဏ်လွှာပေးပို့

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။

Trending

Facebook