သတင်း မိုးမောက်မြို့နယ် ဒါဆိုင်းအခြေစိုက် ခလရ(၂၃၇) တပ်ရင်း၏ အဓိကနေရာများကို KIA သိမ်းပိုက် မတ်လ ၇ရက်မှ စတင်ပြီး KIAက မိုးမောက်၊ ဝိုင်းမော်မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်းဌာနချုပ်များကို တိုက်ခိုက် သိမ်းပိုက် လျက်ရှိရာ မတ်လ ၁၄ရက်တွင် နောက်ထပ် တပ်ရင်းတစ်ခုသိမ်းနိုင်မည့် အခြေအနေဖြစ်သည်။ LuduNwayOoမတ် 14, 2024
သတင်း ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူအားကိုးယုံကြည်သည့် တပ်မတော်ဖြစ်အောင် တည်ဆောက်ရမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော လက်ရှိအခြေအနေတွင် နွေဦးတော်လှန်ရေးကာ ၃ နှစ်တာအတွင် တော်လှရေးတပ်ဖွဲ့များ သိမ်းပိုက်၊ ထိန်းချုပ်ထားသည့်မြို့ပေါင်း ၄၀ ကျော်ရှိပြီ ဖြစ်သည်။ LuduNwayOoမတ် 14, 2024
သတင်း စစ်ကောင်စီက ရန်ကုန်မြို့မှာပင် စစ်မှုထမ်းရမည့်သူများကိုမဲနှိုက်ရွေးချယ်၍ စာရင်းစတင်ကောက်ခံလာ အာဏာလုယူထားပြီး နိုင်ငံတစ်ဝန်းအကြမ်းဖက်၍ စစ်ရာဇဝတ်မှုများစွာကျူးလွန်နေသည့် စစ်ကောင်စီလက်အောက်တွင်စစ်မှုမထမ်းဘဲ တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ စစ်ကောင်စီကိုတော်လှန်ကြရန် တော်လှန်ရေူအဖွဲ့များက ဖိတ်ခေါ်ထားကြသည်။ LuduNwayOoမတ် 14, 2024
သတင်း မအီမြို့မှ ဆုတ်ခွာလာသည့် ခလရ(၃၆) တပ်ရင်းမှူး ရမ်းဗြဲသို့ စစ်ကူသွားရန် အမိန့်မနာခံ၍ စစ်ကောင်စီ ဖမ်းဆီးခဲ့ဟု စစ်သုံ့ပန်းအရာခံဗိုလ်ထွက်ဆို ကျောက်ဖြူကို ဖေဖော်ဝါရီ ၂၁ရက်နေ့ တွင် ရောက်ရှိရာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ဗိုလ်မှူး တစ်ဦး အပါအဝင် အရာရှိ ၄ဦးကို ကျောက်ဖြူ ဗျူဟာမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ LuduNwayOoမတ် 14, 2024
သတင်း ဟိုပုံးမြို့နယ်၊ နမ့်ဟူးရွာကို စစ်ကောင်စီတပ် မီးရှို့၍ ရွာလုံးကျွတ်မီးလောင်ပျက်စီး စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၁၀၀ ခန့်သာရှိသည့် နမ့်ဟူးကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရသည်ဟု PNLAက အသိပေးသည်။ LuduNwayOoမတ် 14, 2024
သတင်း သပိတ်ကျင်းမြို့နယ်တွင် ပြည်သူသုံးထောင်ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာအခက်အခဲများရှိနေ မတ်လ ၇ရက်တွင် စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း PDF ရဲဘော် တစ်ဦးကျဆုံးခဲ့ရကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။ LuduNwayOoမတ် 13, 2024
သတင်း နမ့်ခမ်းမြို့နယ်အတွင်း ပန်ဆေးပြည်သူ့စစ်များ ထိန်းချုပ်ခဲ့သည့် ဒေသရှိ ဘိန်းစိုက်ခင်း ဧက တစ်ထောင်ကျော်ကို TNLA ဖျက်ဆီး TNLA သိမ်းပိုက်ထားသည့် နမ့်ခမ်းမြို့နယ်အတွင်း ယခင်က ပန်ဆေးပြည်သူ့စစ် ထိန်းချုပ်ခဲ့သည့် ဒေသမှ ဘိန်းခင်းများကို မတ်လ ၄ ရက်နေ့မှ ၁၂ရက် အတွင်း ၉ရက်ကြာ ဖျက်ဆီးခဲ့သည်ဟု အသိပေးသည်။ LuduNwayOoမတ် 13, 2024
သတင်း သင်္ဃန်းညီနောင် ခမရ(၃၅၅) တပ်ရင်းမှ လက်နက်မျိုးစုံ ၁၄၀ လက်ရပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာ သေဆုံးဟု KNLA ဌာနချုပ် ထုတ်ပြန် သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။ LuduNwayOoမတ် 13, 2024
သတင်း ဗန်းမော်တွင် စစ်ကောင်စီလက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်သုံးဦးနှင့် ကလေးမိခင်နှစ်ဦးသေဆုံး စစ်ကောင်စီက ထောက်ပို့လမ်းကြောင်းအဖြစ်အသုံးပြုနေသည့် ဗန်းမော်လေဆိပ်ကို KIA၊AAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ကမတ်လ ၇ရက်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေယာဉ်ပြေးလမ်းပျက်စီးခဲ့ပြီး မတ်လ ၈ရက်မှစ၍လေဆိပ်အား စစ်ကောင်စီကပိတ်ပစ်ခဲ့သည်။ LuduNwayOoမတ် 13, 2024
သတင်း ဆီဆိုင်မြို့မစျေးနှင့် နေအိမ်များကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး စစ်ကောင်စီသည် မတ်လ ၁၁ရက်တွင် ဆီဆိုင်မြို့ကို လက်နက်ကြီးများ ဒရုန်းများဖြင့် အဆက် မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၄၀ခန့် ပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoမတ် 13, 2024