Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းက လွတ်ရှမ်းရွာ စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ် ၊ ကြားအင်းဆိပ်ကြီးမြို့နယ် ၊ ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ လွတ်ရှမ်း တပ်စခန်းကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ကြားအင်းဆိပ်ကြီးမြို့နယ် ၊ ဘုရားသုံးဆူ – သံဖြူဇရပ် ကားလမ်းပေါ်က စစ်ကောင်စီရဲ့ လွတ်ရှမ်း တပ်စခန်းကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ထံကသိရပါတယ်။

ဒီနေ့မှာ သိမ်းယူလိုက်တဲ့စခန်းဟာ လွတ်ရှမ်းရွာတပ်စခန်းဖြစ်တယ်လို့ မြေပြင်မှာရှိတဲ့စစ်ရေး သတင်းရင်းမြစ်နှစ်ဦီးက အတည်ပြုပေးပါတယ်။

Public Service Announcement

Public Service Announcement

လွတ်ရှမ်းရွာမှာရှိတဲ့ တပ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ်လကစပြီး KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာမှာ ဒီနေ့မှာတော့ အပြီးသတ် သိမ်းနိုင်ခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။

စခန်းကို သိမ်းပြီး နယ်မြေရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းအခြေအနေကို အသိပေးသွားမယ်လို့ KNU သတင်းရင်းမြစ်က လည်း ဆိုပါတယ်။

ဘုရားသုံးဆူ – သံဖြူဇရပ် လမ်းပိုင်းကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ လွတ်ရှမ်းရွာနဲ့ အနန်းကွင်းရွာ တပ်စခန်းတွေကို KNU ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ရာမှာ လွတ်ရှမ်းရွာ စခန်းကို ကနဦး သိမ်းယူနိုင်ခဲ့တာပါ။

စစ်ကောင်စီကလည်း တပ်စခန်းတွေ လက်မလွှတ်ရဖို့ လက်နက်ကြီးပစ်ကူ ၊လေကြောင်းပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်ခဲ့ပြီး အဲဒီရွာတွေတဝိုက်က ဒေသခံတွေလည်းတိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။