Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် NUGနှင့် ABSDF နားလည်မှုစာချွန်လွှာချုပ်ဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

အဆိုပါနားလည်မှု စာချွန်လွှာချုပ်ဆိုပွဲကို ယနေ့ စက်တင်ဘာ ၁၂ရက်ပြုလုပ်ခဲ့ရာ NUG ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ABSDFဘက်မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ ၊ ဒုဥက္ကဋ္ဌ ရဲဘော်လဆိုင်းတို့ ဦးဆောင်သည့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့သည်ဟု NUGက ဖော်ပြသည်။ ABSDFကလည်း ၎င်းတို့၏ Facebookတွင် အသိပေးထားသည်။

” အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်ပြီး နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြတာပါ”ဟု NUGက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နားလည်မှုစာချွန်လွှာအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေး နဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ABSDFသည် ရှစ်လေးလုံးအရေးတော်ပုံကာလက ပေါ်ပေါက်လာသည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ်များ ပါဝင်အားဖြည့်ကာ အားကောင်းသည့် တပ်ဖွဲ့တစ်ခုအဖြစ် ရောက်ရှိလာကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်ရာတွင် PDF တပ်ရင်းတပ်ဖွဲ့များ၊ အခြားသော တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး ၊ မွန်၊မန္တလေး စစ်ဆင်ရေးများ၌ ပါဝင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို