Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် NUGနှင့် ABSDF နားလည်မှုစာချွန်လွှာချုပ်ဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF

ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

အဆိုပါနားလည်မှု စာချွန်လွှာချုပ်ဆိုပွဲကို ယနေ့ စက်တင်ဘာ ၁၂ရက်ပြုလုပ်ခဲ့ရာ NUG ယာယီသမ္မတ ဒူဝါလရှီးလ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ABSDFဘက်မှ ဥက္ကဋ္ဌ ရဲဘော် သံခဲ ၊ ဒုဥက္ကဋ္ဌ ရဲဘော်လဆိုင်းတို့ ဦးဆောင်သည့် အဖွဲ့ ဝင်များ တက်ရောက်ခဲ့သည်ဟု NUGက ဖော်ပြသည်။ ABSDFကလည်း ၎င်းတို့၏ Facebookတွင် အသိပေးထားသည်။

” အပြန်အလှန် နားလည်မှု ၊ နိုင်ငံရေးဂုဏ်သိက္ခာ အပြန်အလှန်အသိအမှတ်ပြုမှုတို့ကို အခြေခံပြီး နှစ်ဖက်အဖွဲ့အစည်း နှစ်ခုအကြား ခိုင်မာအားကောင်းသော ဆက်ဆံမှုတည်ဆောက်ရေး ၊ စစ်အာဏာရှင်စနစ် ပပျောက်ရေး နဲ့ အနာဂတ် ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ထွန်းရေးလုပ်ငန်းများမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင် ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်ပြီး နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြတာပါ”ဟု NUGက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

နားလည်မှုစာချွန်လွှာအရ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အကြား နိုင်ငံရေး ၊ လူထုစည်းရုံးရေး ၊ စစ်ရေး နဲ့ ဘဏ္ဍာရေး ကဏ္ဍရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ABSDFသည် ရှစ်လေးလုံးအရေးတော်ပုံကာလက ပေါ်ပေါက်လာသည့် ကျောင်းသားတပ်မတော်ဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် လူငယ်များ ပါဝင်အားဖြည့်ကာ အားကောင်းသည့် တပ်ဖွဲ့တစ်ခုအဖြစ် ရောက်ရှိလာကာ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ တိုက်ခိုက်ရာတွင် PDF တပ်ရင်းတပ်ဖွဲ့များ၊ အခြားသော တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး ၊ မွန်၊မန္တလေး စစ်ဆင်ရေးများ၌ ပါဝင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။