Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေပြုလုပ်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်​ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစုတွေ စုပေါင်းကာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါလှုပ်ရှားမှုကို “1027 second wave is our future ၁၀၂၇ ဒုတိယလှိုင်းသည် ကျွန်ုပ်တို့ အနာဂတ်ဖြစ်ပါသည်” စာသားနဲ့အတူ “ဘူးသပိတ်ဆင်နွှဲ ဖက်ဆစ်ဖြိုလှဲ” စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၁ဝ၂၇ စစ်ရေးလှိုင်းကို ကြိုဆိုထောက်ခံပြီး စစ်တပ်ထုတ်ကုန်မှန်သမျှ ဝယ်ယူမသုံးစွဲကြဖို့ စစ်ကောင်စီထံ စီးဝင်နေတဲ့ ဝင်ငွေရလမ်းတွေကို တားစီးဖြတ်တောက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာ ၅ ရွာက စျေးထဲမှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ လူထုစည်းရုံးရေးဆပ်ကော်မတီမှ လူငယ်တွေက စစ်တပ်ထုတ်ကုန် မသုံးစွဲရေး လှုံ့ဆော်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

လူငယ်တွေဟာ လောင်းလုံးစျေးထဲက လူစည်ကားရာ နေရာတွေမှာ စစ်တပ်ထုတ်ကုန် Mytel မသုံးစွဲရေး အသိပေးစာတွေ လိုက်ကပ်ခဲ့ပြီး လှုံ့ဆော်တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

​ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ DDMSC

ဆက်စပ်သတင်းများ

ဆောင်းပါး

အိမ်ထောင်စုလေးစု စုပေါင်း နေ ရတဲ့ ၁၅ ပေ ပတ်လည်အခန်းလေးထဲ ငိုသံတချို့ကျယ်ကျယ်လောင်လောင်ထွက်‌လို့နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။