Connect with us

Hi, what are you looking for?

သတင်း

ပြီးခဲ့သည့် သြဂုတ်အတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော် PDFထံ အလင်းဝင်

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင် PDF များထံ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - UBNA

ဇေအောင်/People’s Spring

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

ဒုဗိုလ်မှူးကြီး သုံးဦး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး နှစ်ဦး၊ ဗိုလ် သုံးဦးနှင့် တပ်သားနှင့်ရဲ အပါအဝင် ၄၁ ဦးသည် ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင် PDF များထံ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – MDY-PDF

အဆိုပါ ၄၁ ဦးအနက် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်းရှိပြီး လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း၊ လက်နက်ယူဆောင်လာသူများကို သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

” ဖရဲသီးအဖြစ် တာဝန်ထမ်းဆောင်ပါမယ်လို့အဆိုပြုလာတဲ့ တပ်မတော်သားတွေ၊ ရဲတွေလည်းတော်တော်များများရှိပါတယ်။ သူတို့ကိုတော့ မူရင်းနေရာတွေမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ပြီးတော့ပဲ ဖရဲသီးအဖြစ် သတင်းပေးပို့ဖို့ ညွှန်ကြားထားတားတာ ရှိပါတယ်။”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင် PDF များထံ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – UBNA

ဦးမောင်မောင်ဆွေက ဆက်လက်ပြီး “မြန်မာနိုင်ငံအလယ်ပိုင်းကနေ ဝင်ရောက်လာတာတော်တော်များပါတယ်။ နောက်လည်းပြည်သူ့ရင်ခွင်ကို ဝင်ရောက်ဖို့ချိတ်ဆက်နေကြတဲ့အရာရှိကြီးတွေ၊ အရာရှိတွေလည်း အမြောက်အများရှိပါတယ်။ သူတို့ကိုလည်း စနစ်တကျ စိစစ်ပြီးတော့ ပြည်သူ့ရင်ခွင်ကိုခေါ်ဆောင်နိုင်ဖို့ အကြမ်းဖက်စစ်တပ်ကို စွန့်ပြီးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။”ဟု ပြောသည်။

ထို့အပြင် ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီအောက်ဆက်နေပါက သေရုံမှလွဲ၍ အခြားမရှိသောကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံကာ အမြန်ဆုံးပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။