Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်တွင် ရေကြီးနှင့် မြေပြိုမှုကြောင့် သေဆုံးသူခြောက်ဦးရှိလာ

ကရင်နီပြည်နယ်အတွင်း ရေကြီးမှုနှင့် မြေပြိုခြင်းတို့ကြောင့် သေဆုံးသူခြောက်ဦးရှိလာကြောင်း ကယန်းအမျိုးသမီအစည်းအရုံး(KyWO)က ယနေ့ အသိပေးထုတ်ပြန်သည်။

ကရင်နီပြည် နေရာတချို့တွင် ရေကြီးမှုဖြစ်ပေါ်နေစဥ်။ ဓာတ်ပုံ - KLCC

ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်အတွင်း ရေကြီးမှုနှင့် မြေပြိုခြင်းတို့ကြောင့် သေဆုံးသူခြောက်ဦးရှိလာကြောင်း ကယန်းအမျိုးသမီအစည်းအရုံး(KyWO)က ယနေ့ အသိပေးထုတ်ပြန်သည်။

မြေပြင်တွင် ပြည်သူများထိခိုက်သေဆုံးမှုနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ယခုထက်များနိုင်ကြောင်းလည်း အသိပေးသည်။

ကရင်နီပြည် နေရာတချို့တွင် ရေကြီးမှုဖြစ်ပေါ်နေစဥ်။ ဓာတ်ပုံ – KLCC

စက်တင်ဘာ ၁၀ရက်ကစ၍ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကယန်းဒေသနှင့် ကရင်နီပြည်အတွင်း ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ နေရာအနှံ့ဖြစ်ပွားနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူထုများ၏ အိုး၊အိမ်၊တဲများ ရေလွှမ်း ခြင်း၊ လယ်ယာများပျက်စီးခြင်း၊ အသက်ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ကြုံတွေ့ခဲ့ကြောင်း ဖော်ပြသည်။

“အခုလက်ရှိ ကတော့ မိုးအဆက်မပြတ်ရွာသွန်းနေတယ်။စစ်ရှောင်တွေရဲ့ တဲတွေလည်းပါနေတာရှိသလို စိုက်ခင်းများ ပျက်စီးသွားပြီ။ပြီးတော့ သေဆုံးတဲ့ အရပ်သားတွေရှိတယ်။ ဒီးမော့ဆို ပဲ”ဟု ကရင်နီလူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကရင်နီပြည်နယ်တွင်းရှိ ဒေသခံနှင့် စစ်ရှောင်လူထုများသည် ရေဘေးလွတ်ရာသို့ ထပ်မံရွေ့ပြောင်းနေရခြင်းကြောင့် ရွေ့ပြောင်းနေထိုင်ရေးအတွက် အမိုးအကာများ၊ အဝတ်အထည်များ၊ ရိက္ခာခြောက်များနှင့် အခြေခံအသုံးအဆောင်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း အသိပေးသည်။

ကရင်နီပြည် နေရာတချို့တွင် ရေကြီးမှုဖြစ်ပေါ်နေစဥ်။ ဓာတ်ပုံ – KLCC

” မိုးတအားကြီးတာနဲ့ မြေပြိုတာတွေကြောင့် စစ်ရှောင်စခန်းတွေ အထူးသဖြင့် ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းတွေရေနစ်မြှုပ်တာရှိတယ်။ဖယ်ခုံလည်း တောင်ကျရေးကြောင့် လူသေဆုံးတာရှိတယ်။ ပြီးတော့ ဖရူဆိုအနောက်ခြမ်းဘက်မှာလည်း စစ်ရှောင်စခန်းတွေ ရေမြုပ်တာရှိတယ်။ပြီးတေ့ ဖရူဆိုထဲက ရွယတစ်ရွာဆိုလည်း ရွာလုံးကျွတ် ရွှေ့ရတာလုပ်နေရတယ်”ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ပြောသည်။

ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)က လက်လှမ်းမီသိရှိရသော စာရင်းအရ ကရင်နီပြည်အတွင်းတွင် သေဆုံးသူ ခြောက်ဦးနှင့် ဒဏ်ရာရသူ နှစ်ဦး၊ နေအိမ်၊တဲပျက်စီးမှု ၄၀ ခန့်ရှိသည်ဟု ဆိုသည်။

လက်ရှိတွင် နိုင်ငံနေရာအနှံ့ မိုးများ၍ ရေကြီးနေပြီး ကရင်နီပြည်နယ်အပါအဝင် အခြားဒေသများတွင်လည်း လူသေဆုံးမှုရှိသည်အထိ ဖြစ်ပေါ်နေသည်။

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ

တွင် လက်တလောတွင် မိုးကြီးနေသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။