Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်ရေဘေးသင့်သူများကိုထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့် အစားအသောက်များချပေး

တာချီလိတ်မြို့ရှိ ရေဘေးသင့်သူများကို ထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့် ယ​နေ့ (စက်တင်ဘာ ၁၂ ရက်)တွင် အစားအသောက်များချပေးသည်ဟု မြို့ခံအချို့ကပြောသည်။

ထိုင်း​တော်ဝင်​လေတပ်က တာချီလိတ်မြို့မှ ​ရေ​ဘေးသင့်ပြည်သူများကိုညအစားအ​သောက်များ ချ​ပေး၍ ကူညီစဥ်။ဓါတ်ပုံ-CJ

မိထက်/People’s Spring

တာချီလိတ်မြို့ရှိ ရေဘေးသင့်သူများကို ထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့် ယ​နေ့ (စက်တင်ဘာ ၁၂ ရက်)တွင် အစားအသောက်များချပေးသည်ဟု မြို့ခံအချို့ကပြောသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ဖြစ်ပြီး မယ်ဆိုင်ချောင်းဘေး တာချီလိတ်မြို့၊တာ‌‌လော့ရပ်ကွက်အတွင်း ​ရေကြီးပြီးပိတ်မိ​နေ​သော နေအိမ်အချို့ပေါ်သို့ ထိုင်းတော်ဝင်လေတပ်က ရဟတ်ယာဉ်ဖြင့်အ​ရေး​ပေါ်ကယ်ဆယ်​ရေးပစ္စည်းများဖြစ်​​သောအစားအစာနှင့်ရေသန့်ဘူးများ လာရောက်ချပေးခြင်းဟု မြို့ခံတဦးကပြောသည်။

” ဟုတ်တယ်ဗျ။ ထိုင်းတပ်မတော်က ချပေးတာ။ ဒီနေ့ခင်းပဲ” ဟု မြို့ခံတဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းတော်ဝင်လေတပ်က မြန်မာဘက်ရှိ တိုက်အိမ်ခေါင်မှုတစ်ခုပေါ်သို့ ရဟတ်ယာဉ်ဖြင့် အစားအသောက်များချပေးနေသည့် ရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်၌ပျံ့နှံ့နေသည်။

အဆိုပါရုပ်သံမှတ်တမ်းတွင် မြန်မာဘက်၌ ရေဘေးသင့်ပြီး ပိတ်မိနေသော ပြည်သူများကို ထိုင်းတပ်မတော်က အစားအစာများ၊ရေဗူးများ ချထားပေးနေကြောင်း ဒေသခံတဦးကလည်း ပြောထားသည်။

ထိုင်းတော်ဝင်လေတပ်က ယင်းကဲ့သို့ ကူညီမှု ၊အိမ်​ထောင်စုနှင့်လူဦး​ရေမည်မျှကို ကူညီ​ပေးခြင်းစ​သော အ​ခြေအ​နေများနှင့်ပတ်သက်၍မူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တာချီလိတ်မြို့တွင် စက်တင်ဘာလ ၁၀ရက်မှစတင်တင်၍ ရေကြီးနစ်မြုပ်မှုဆိုးရွားစွာဖြစ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ ရေနစ်မြုပ်ခဲ့သည်။ အိမ်အလုံးလိုက်ပြိုကျပျက်စီးမှုများရှိခဲ့ပြီး လူသေဆုံးမှုအချို့လည်းရှိခဲ့သည်။ တာချီလေးမြို့အဝင်တံတားလည်း ကျိုးကျခဲ့ပြီး မြို့တွင်းလမ်းများ ဆိုးရွားစွာပျက်စီးခဲ့သည်။ ရေဘေးကြောင့်လူသေဆုံးမှုများရှိ​သော်လည်း မည်မျှ​သေဆုံးထိခိုက်မှုရှိ​ကြောင်းစာရင်း အတိအကျမသိရှိရသေးပေ။

ရေဘေးသင့်သူများကိုစစ်ကောင်စီက ကယ်ဆယ်ရေး အနည်းငယ်သာလုပ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။စက်တင်ဘာ ၁၂ ရက်တွင် မိုးအား

လျော့ကျသွားပြီးနောက် မြို့ပေါ်မှရေများလည်း ပြန်လည်ကျဆင်းသွားပြီဟု ဒေသခံများကပြောသည်။

တာချီလိတ်မြို့နှင့်နယ်စပ်ဖြစ်သော ထိုင်းနိုင်ငံ၊ချင်းရိုင်ခရိုင် နှင့် ချင်းမိုင် ခရိုင်တွင်လည်း ရေဘေးကြုံတွေ့ခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်က​ရေကြီးပြီးအိမ်များ၌ပိတ်မိ​နေသူများကို ရဟတ်ယာဉ်များဖြင့် အစားအစာများချပေးခဲ့ပြီး တိမ်းရှောင်ရန်လိုအပ်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က ရဟတ်ယာဥ်များဖြင့် ​ရေ​ဘေးကြုံ​နေ​သောထိုင်းပြည်သူများကို ကယ်ဆယ် ကူညီ​နေ​သော်လည်း စစ်​ကောင်စီ ကမူ ရဟတ်ယာဥ်ကို ပြည်သူများအားကူညီသည့်​နေရာတွင်မသုံးဘဲ တိုက်ခိုက်​သတ်ဖြတ်​သော​နေရာတွင်သာအသုံးပြုသဖြင့် နှိုင်းယှဥ်၍ စစ်​ကောင်စီကို​ဝေဖန်​ပြစ်တင်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှာမေလနှောင်းပိုင်းအတွင်းလေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်နိုင်ပြီး ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOSLHA )ကထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိ​သေးဘူးလို့ဆို