Connect with us

Hi, what are you looking for?

သတင်း

တဖြုတ်ဖြုတ်ပြုတ်​နေသော စစ်တိုင်းမှူးများ

စစ်​ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။

အာဏာသိမ်း​ခေါင်း​ဆောင်များက စစ်ရှုံးပြီး အပြစ်လွှဲချကာ စစ်တိုင်းမှူးအဖြစ်မှဖြတ်ထား​သောဗိုလ်ချုပ်စိုးတင့် ၊ဗိုလ်ချုပ်စိုးတင့်၊ ဗိုလ်ချုပ် အောင်ခိုင်ဝင်း နှင့် ဗိုလ်ချုပ်ကြည်ခိုင်

သားကြီး/People’s Spring

စစ်​ကောင်စီကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးပေးပြီး တစ်လခန့်တွင် ထပ်မံထုတ်ပယ်လိုက်ပြီး ဗိုလ်ချုပ်ကျော်ကိုထိုက်ကို တိုင်းမှူးအသစ်အဖြစ်ခန့်အပ်လိုက်ပြန်သည်။

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်တပ်မမှူး တာဝန်ယူဖူးသည့် ဗိုလ်ချုပ်ကျော်ကိုထိုက်ကို ဩဂုတ်လ တတိယလပါတ်ထဲတွင် ခန့်အပ်ခြင်းဖြစ်ပြီး ယခင်တိုင်းမှူးဗိုလ်ချုပ် အောင်ခိုင်ဝင်းကို နေပြည်တော်သို့ ခေါ်ဆောင်ထားသည်ဟု နေပြည်တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

” စစ်တပ်ထဲ ဂဏန်းမငြိမ်ဘူးဖြစ်နေတာ။ ဖြုတ်ထုတ်ရှင်းတွေ ဆက်လုပ်နေတယ်။ စစ်ရှုံးနေတာကို မအလ ကလွဲလို့ ကျန်တဲ့လူတွေ အကုန်သိတယ်။ ဘာတွေဆက်လုပ်ရမယ်မှန်းမသိတဲ့အထိ တိုင်းမှူးတွေစိတ်ရှုပ်နေကြတယ်”ဟု ဗိုလ်ချုပ်ကျော်ကိုထိုက်နှင့် နီးစပ်သူကပြောသည်။

မန္တ​လေးတိုင်းအတွင်း စဥ့်ကူးမြို့နယ် ၊မိုးကုတ်မြို့နယ် ၊တ​ကောင်းမြို့တိုကို ​တော်လှန်​ရေးတပ်များက ဇူလိုင်နှင့် သြဂုတ်လတွင် သိမ်းပိုက်ခဲ့ပြီးသပိတ်ကျင်း ၊ နွားထိုးကြီး ၊ ​တောင်သာ၊မြင်းခြံမြို့များကို ​တော်လှန်​ရေးတပ်များကထိုးစစ်ဆင်တိုက်ခိုက်​နေစဥ်တွင် လပခတိုင်းမှူး ဗိုလ်ချုပ် ​အောင်ခိုင်ဝင်း ထုတ်ပယ်ခံရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ပြီးသည့်ဇူလိုင်လအတွင်း အလယ်ပိုင်းအတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်အားထုတ်ပယ်ကာ တြိဂံတိုင်းစစ်ဌာန

ချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် အစားထိုးခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်​အောင်ခိုင်ဝင်းသည် အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် အားထားခဲ့​သော ဗိုလ်ချုပ်တစ်​ယောက်ဖြစ်​သော်လည်း လပခ တိုင်းမှူး ခန့်အပ်ပြီးတစ်လမပြည့်ခင်မှာပင် ၎င်းအား ထပ်မံထုတ်ပယ်ခြင်းဖြစ်သည်။

လပခဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်အောင်လွင်သည်လည်းTNLA၊ MDY-PDFနှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲတွင် အမိန့်မရဘဲ ထွက်ပြေးခဲ့ရာ တိုင်းစစ်ဌာနချုပ်စစ်ကြောရေး၌ စစ်ဆေးခံနေရသည်။

ဗိုလ်မှူးချုပ်အောင်လွင်အား ဗိုလ်ချုပ်တစ်ဦး ဦးဆောင်သည့် စစ်ကြောရေးအဖွဲ့က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ မန္တလေးနန်းတွင်း၌ စစ်ဆေးနေကြောင်း သတင်းရရှိသည်။၎င်းက ကမြေပြင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားသည် PDFများအား မယှဉ်နိုင်ခဲ့ကြောင်း၊ လေကြောင်းပစ်ကူပေးမှု အများအပြားသည်လည်း ပစ်မှတ်များအားမထိခဲ့ကြောင်းနှင့် အထက်အရာရှိများက အင်အားမလုံလောက်ဘဲ စစ်တိုက်ခိုင်းနေခြင်းဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း စုံစမ်းသိရသည်။

ဗိုလ်မှူးချုပ်အောင်လွင် ထုတ်ဖော်ဝန်ခံချက်နှင့်ဆက်စပ်၍ ဗိုလ်ချုပ်အောင်ခိုင်ဝင်းလည်း စုံစမ်းစစ်ဆေးခံခဲ့ရပြီး ယခုအခါ ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီမြေပြင်တပ်များသည် PDFများကို ယှဉ်မတိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် အင်အားမရှိဘဲ စစ်မြေသို့လွှတ်နေသည့် အထက်အရာရှိများအကြောင်းကို ဗိုလ်မှူးချုပ်အောင်လွင်က စစ်ကြောရေး၌ ထုတ်ဖော်ဝန်ခံခဲ့သည်။

ဗိုလ်ချုပ်အောင်ခိုင်ဝင်းကို တိုင်းမှူးရာထူးမှ ထုတ်ပယ်ခြင်းသည် စစ်ပွဲများဆက်တိုက်ရှုံး​နေသောစစ်​ကောင်စီက နှစ်လအတွင်းစစ်တိုင်းမှူး​လေးဦးကိုထုတ်ပယ်ခြင်းလည်းဖြစ်သည်။

လပခ တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင် နှင့် ၎င်းအစားခန့်အပ်ခဲ့​သော ဗိုလ်ချုပ် ​အောင်ခိုင်ဝင်းကိုပါထုတ်ပယ်ခဲ့သလို ၊ ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့ကို MNDAAက စတင်တိုက်ခိုက်ပြီး ရက်အနည်းငယ်ကြာ၌ ရမခတိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုစစ်ကောင်စီက ရာထူးမှ ထုတ်ပယ်ခဲ့သည်။ထို​နောက် မူဆယ်အ‌ခြေစိုက်တပ်မ(၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို အစားထိုးခန့်အပ်ခဲ့သည်။ တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်သည် ရမခတွင်ပင်ရှိနေစဉ် MNDAA၏ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးခံရသည်။

ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ပင် ဆက်လက်ရှိနေစဉ် ၎င်းအား ထပ်မံထုတ်ပယ်၍ စစ်ကောင်စီတပ်လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခ တိုင်းမှူး အဖြစ်ဩဂုတ်လ ၁၁ရက်တွင်

တာဝန်ပေးခဲ့သည်။ အမှန်တွင် ရမခမှာ MNDAA ဦး​ဆောင်​သော​တော်လှန်​ရေးတပ်များလက်​အောက်ကျ​ရောက်သွားပြီး မရှိ​တော့​​ပါ။သို့သော်လည်းစစ်​ကောင်စီက မိုင်ရယ်မြို့ရှိ စစ်​ကောင်စီတပ်၏ ဗျူဟာတွင် အ​ခြေချသည်ဆိုကာ ရမခ ရှိ​သေးသည်ဟုလုပ်​နေခြင်းဖြစ်သည်။

လေ့ကျင့်ရေးအရာရှိချုပ်ရုံးမှ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ် စစ်ကောင်စီက တာဝန်ပေးလိုက်ခြင်းဟု နေပြည်‌ တော်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

အာဏာသိမ်း​ခေါင်း​ဆောင်များသည် စစ်ရှုံးလျင် ထိပ်ပိုင်း​ခေါင်း​ဆောင်များက တာဝန်မခံဘဲ စစ်တိုင်းမှူးများကိုသာတစ်​ယောက်ပြီးတစ်​ယောက်ဖြုတ်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook