Connect with us

Hi, what are you looking for?

သတင်း

ငါန်းမြာကြီးရဲစခန်း PDFများသိမ်းပိုက်၊ စစ်သုံ့ပန်း ၉ဦးနှင့် သေနတ် ၉လက်ရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းအား PDF များ သိမ်းပိုက်ပြီး သေနတ် ၉ လက်နှင့် စစ်သုံ့ပန်း ၉ဦး ဖမ်းဆီးရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။

ါန်းမြာရဲစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Ko Nway Oo-Myaung

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲစခန်းအား PDF များ သိမ်းပိုက်ပြီး သေနတ် ၉ လက်နှင့် စစ်သုံ့ပန်း ၉ဦး ဖမ်းဆီးရရှိခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့(CDSOM)မှ ကိုနွေဦး(မြောင်)က ပြောသည်။

ယနေ့ (သြဂုတ် ၁၉ ရက်) နံနက် ၄နာရီမှစတင်ကာ ငါန်းမြာကြီးရဲစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ နံနက် ၇ နာရီအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း ကိုနွေဦး(မြောင်)က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ငါန်းမြာကြီးစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ​၏ ရဲတပ်ကြပ်ကြီး၊ ဒုတပ်ကြပ်အပါအဝင် စစ်သုံ့ပန်း ၉ဦးနှင့် G3 ၅ လက်၊ အူစီ ၂ လက်၊ ရိုင်ဖယ် တစ်လက်၊ ပစ္စတို တစ်လက်၊ စုစုပေါင်း ၉ လက်နှင့် ခဲယမ်းများ၊ စစ်အသုံးအဆောင်များ ရရှိခဲ့ကြောင်း ကိုနွေဦး(မြောင်)က လူထုနွေဦးသို့ ပြောသည်။

“စခန်းကတော့ သိမ်းထားလိုက်ပြီ။”ဟု ငါန်းဇွန်မြို့နယ်-ပကဖ၏ ဘဏ္ဍရှာဖွေရေးတာဝန်ခံ ဟရု နာကာဂျီမာက ပြောသည်။

“ငါန်းမြာစခန်းက မရှိတော့ပါဘူး။ အကုန်ရှင်းခဲ့ပါပြီ။ သုံ့ပန်းတွေကို ပလဖတွေဆီမှာအပ်ထားတယ်။ လေယာဥ်နဲ့တော့ ဗုံး လေးလုံးကြဲတယ်။ စက်လက်တွေနဲ့ပစ်တယ်။ ရေနက် ဆိပ်ကမ်း (ဆီမီးခုံ)ကနေ တောက်လျှောက်ပစ်ကူပေးတယ်။ ပြီးတော့ဆုံရွာပျူရွာကလည်း တောက်လျှောက်ပစ်ကူပေးတယ်။ အဲဒီကြားထဲကနေ သိမ်းခဲ့ရပေမယ့် ရဲဘော်တွေထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘူး။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ် နှင့်ရဲများ၊ Non CDM များ၊ ပျူများလည်း အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ငါန်းဇွန်ပကဖက တိုက်တွန်းထားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)စတင်ပြီးနောက် တစ်ပတ်နီးပါးအကြာ သြဂုတ် ၁၆ ရက်မှစတင်ကာ ငါန်းဇွန်နယ်အတွင်း မြို့သာစက်မှုဇုန်နှင့် တောင်ရွာဘိုရွာဝန်းကျင်တို့၌ တိုက်ပွဲနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်အထိနာ၍ သြဂုတ် ၁၇ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က လေကြောင်းဖြင့် ငါန်းဇွန်မြို့နယ် မြေတိုင်းရွာ စာသင်ကျောင်းအနီး နှင့် ရေဇင်းရွာကြား တောအတွင်း ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက် ဖြစ်လာနိုင်၍ ပြည်သူများ အထူးဂရုစိုက်သွားလာပေးကြရန် ငါန်းဇွန်မြို့နယ်-ပကဖက သတိပေးသည်။

ငါန်းမြာစခန်းသိမ်းတိုက်ပွဲအား မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ မန္တလေးခရိုင်တပ်ရင်း ၅၊ နောင်ရိုးအဖွဲ့၊ မြင်းခြံ ဟီးရိုး၊ BLACK TIGER၊ ငန်းနက်အဖွဲ့ (ငါန်းဇွန် ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ငါန်းမြာရဲစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ဓာတ်ပုံ-Ko Nway Oo-Myaung)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook