Connect with us

Hi, what are you looking for?

သတင်း

KIA သိမ်းပိုက်လိုက်သည့်ခမရ (၄၃၇)သည် ဗန်းမော်မြို့အတွက် အဓိက လုံခြုံရေးစခန်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူပြော

လက်နက်ခဲယမ်းများစွာရရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော ၊ တင့်ကားတစ်စီးကိုလည်းသိမ်းဆည်းရရှိ

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော တင့်ကားနှင့် KIA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-ကချင်​တောင်တန်း)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်းဌာနချုပ်သည် ဗန်​မော်မြို့အတွက် အဓိကလုံခြုံ​ရေးစခန်းဖြစ်​ကြောင်း KIAKIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောကြားသည်။

Public Service Announcement

Public Service Announcement

“အဲဒါကတော့ ဗန်းမော်ရဲ့ အဓိက လုံခြုံရေး ယူထားတဲ့စခန်းဖြစ်ပါတယ်။ နောက်မိုးမောက်မြို့နယ်ကိုလည်း ထိန်းထားတဲ့ စခန်းကြီးဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

https://www.facebook.com/LuduNwayOo/videos/550123674019134

အမှတ် ၄၃၇ ​ခြေမြန်တပ်ရင်း(ခမရ ၄၃င)ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သြဂုတ် ၁၉ ရက်​နွေ မွန်းလွဲပိုင်း၌ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့​ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၂၀၂၄ မတ်လ ၇ရက်တွင် KIAက ထိုးစစ်အရှိန်မြှင့်တင်ပြီး စစ်ကောင်စီတပ်စခန်းများစွာ သိမ်းပိုက်သည့် စစ်ဆင်ရေးဆင်နွှဲခဲ့ရာ မိုးမောက်မြို့နယ်ရှိ တပ်ရင်းဌာနချုပ်နှင့် တပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ မေလတွင် မိုးမောက်မြို့ကို KIA သိမ်းပိုက်ပြီးနောက် ​နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)စခန်းကို ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခြင်းမရှိ၍ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင်လကုန်ပိုင်းတွင် ထပ်မံ၍ ထိုးစစ်အရှိန်မြှင့်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သည်။

ဇူလိုင် ၂၄ရက်တွင် တကြော့ပြန် ထိုးစစ်ဆင်ခဲ့ရာ တစ်လနီးပါးအကြာမှ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ထိုးစစ်ဆင် KIA၊ KPDFနှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပါဝင်သည့် ပူးပေါင်းတပ်က ရက်ရှည် တိုက်ပွဲဆင်နွှဲပြီးနောက် ဩဂုတ် ၁၉ရက်တွင် ခမရ(၄၃၇)ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက လေကြောင်း ပစ်ကူအကြိမ်ကြိမ်ပေး ခုခံနေသည့်ကြားမှ စခန်းသိမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

“မိုးမောက်မြို့နယ်တစ်ခုလုံး စခ ကင်းစင်သွားပြီ။ မိုးမောက်အလုံးစုံ Sold Out။ ဒီနေ့ ၃နာရီ ၁၀မိနစ်မှာ ခမရ(၄၃၇) တပ်ရင်းဌာနချုပ်ကို KIAနဲ့ ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်လိုက်တာပါ။ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း ရေတွက်မကုန်ပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခမရ(၄၃၇) တပ်ရင်းဌာနချုပ် သိမ်းပိုက်သည့် စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့ကြောင်းလည်းစစ်ရေးသတင်းရင်းမြစ်က ပြောကြားပြီး သီးခြားအတည်ပြုချက်မရသေးပေ။

ခမရ(၄၃၇)ကို သိမ်းပိုက်နိုင်ခြင်းကြောင့် ဗန်းမော်ကို ဆက်ပြီး ဖိအားပေးနိုင်သည့် အနေအထား၊ လမ်းပွင့်သွားပြီဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ ဒီတကြော့ပြန်တိုက်တဲ့အချိန် ကျနော်တို့လည်း လက်နက်ကြီးနဲ့ပစ်တာပေါ့။ သူတို့လည်း ဗန်းမော်ကနေ နီးတော့လက်နက်ကြီး လေကြောင်း ဒရုန်းနဲ့ မျိုးစုံပေါ့ တော်တော်များများ တုန့်ပြန်တဲ့အနေအထားကို ခံလိုက်ရတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ခမရ(၄၃၇)ကို ခက်ခဲစွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ပြောပြသည်။

စစ်ကောင်စီတပ်မှ စစ်ဆင်ရေးမှူးများ ယနေ့(သြဂုတ်၁၉) မနက်တွင်ထွက်ပြေးသွားကြောင်း၊ စစ်သုံ့ပမ်း၊ လက်နက်ခဲယမ်းရရှိမှု သတင်းများ မရသေးဘဲ KIA သတင်းပြန်ကြားရေးဌာန အနေဖြင့်လည်း အဆိုပါ အချက်အလက်များကို ဖော်ပြလေ့မရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သို့​သော် ထပ်မံရရှိ​သောသတင်းအရ ခမရ ၄၃၇တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ နှင့် စစ်ကူစစ်​ကြောင်းများကိုဖြတ်​တောက်တိုက်ခိုက်​သောစစ်ဆင်​ရေးတွင် KIA က စစ်တပ်မှတင့်ကာတစ်စီးသိမ်းဆည်းရရှိခဲ့​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းတွေက စစ်ရေးတင်းမာနေတဲ့ ရွှေကူနဲ့ဗန်းမော်မြို့ကို အင်အားဖြည့်ဖို့အတွက် ခရီးသည်တင်ကားတွေမှာ အရပ်သားဟန်ဆောင်ပြီး အင်အားပို့ဆောင်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်ဖြစ်ပွားခဲ့ပြီး စစ်ရေးပြင်းထန်မယ့် အခြေအနေရှိတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနရဲ့ မေလ ၁၆ရက် သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။