Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် နတ်စောင့်ရွာရှိ စစ်ကောင်စီဂိတ်အား PDF မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ စစ်ကောင်စီ၏ ဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နတ်စောင့်ရွာ စစ်ကောင်စီဂိတ်အား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - တောင်သာ ပကဖ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ စစ်ကောင်စီ၏ ဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(သြဂုတ် ၁၉ရက်) နံနက် ၈ နာရီကျော်က တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲသောဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သိမ်းဆည်းရမိသောခဲယမ်းအချို့။ ဓာတ်ပုံ – တောင်သာ ပကဖ

“ထိတွေ့မှုမဖြစ်လိုက်ရဘူး။ တစ်ရက်ကြိုပြေး လိုက်ကြတာ။ မသေချာတာနဲ့ ဝင်စီးတာ။ အဲဒါနဲ့ ရှင်းလင်းရေးဝင်လိုက်တယ်။”ဟု တောင်သာပကဖ အနောက်ခြမ်း စစ်ရေးတာဝန်ယူထားသူ ကိုဖားကြီးက ပြောသည်။

“မြို့နယ်မှာရှိတဲ့ကင်းတွေတို့ ဂိတ်တွေတို့ တပ်စွဲထားတဲ့ဟာတွေကို အကုန်လုံးဆုတ်ပြီး မြို့ပြန်ကာတဲ့အနေအထားဖြစ် သွားတာ။မြို့ပြန်ကာတဲ့ အနေအထားကိုမှ နောက်တခါတပ်ပြန်စွဲလို့ရှိရင် အဆင်သင့်ဖြစ်မနေအောင်လို့ သူတို့ထားခဲ့တဲ့ဘန်ကာတွေတို့ သူတို့ဆောက်ထားတဲ့ တဲတွေတို့အဲဒါတွေကို ဖျက်ဆီးမီးရှို့တာ။”ဟု မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

နတ်စောင့်ရွာ စစ်ကောင်စီဂိတ်အား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – တောင်သာ ပကဖ

ထို့နောက် မီးရှို့ပြီးပြန်လာစဥ် ဇဂျမ်းကျေးရွာတောင်ဘက်အနီးတွင် ကင်းပတ်လာသော စစ်ကောင်စီတပ်သားအချို့နှင့် မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးသွားရာ ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက တစ်ဦးက ပြောသည်။

နတ်စောင့်ရွာဂိတ်ကို ပြီးခဲ့သည့် ဇူလိုင် ၉ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၄ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တဦးကို အရှင်ဖမ်းဖို့ကြိုးစဉ် ခုခံတာ ကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တောင်သာ People Defense Forceက ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။