Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် တရုတ်က ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် တအာင်းပြည်ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကို ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ဩဂုတ် ၁၁ရက်က ကျင်းပခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။