Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၁၁) မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (သြဂုတ် ၁၁) မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ သွေးမအေးတဲ့ရွှေနွယ်သွေး သပိတ် စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်နဲ့ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်မှာလည်း သပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မြန်မာပြည်ရဲ့ ဘုံရန်သူအစစ်အမှန်က မအလ နှင့် အာဏာရှင်စနစ်ဖြစ်တယ်” စာတန်းအား ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။