Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ တောင်ခမ်းအမြောက်တပ်နှင့် သီပေါ ခလရ(၂၃)ကို TNLA ထိုးစစ်ဆင်

စစ်ကောင်စီက လေကြောင်းပစ်ကူပေး ခုခံနေပြီး လေကြောင်းမှ လက်နက်ခဲယမ်းများ ဖြည့်တင်း

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် သီပေါမြို့နယ်တို့၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၄၈ရက်မြောက် ဩဂုတ် ၁၁ရက် စစ်ရေးအခြေအနေကို ဖော်ပြရာ နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မက်မန်းတော ကျေးရွာတွင် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

တောင်ခမ်းရွာရှိ အမြောက်တပ် (၉၀၂)တပ်၊ မက်မန်းတောရွာတွင် တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ဟု ဖော်ပြသည်။

နောင်ချိုမြို့နယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ ဂျတ်ဖိုက်တာဖြင့် သုံးကြိမ်နှင့် Y-12 ထောက်ပို့လေယာဉ်ဖြင့် သုံးကြိမ် ဗုံး(၂၀)လုံး လာရောက်ကြဲချခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်မှု အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

တောင်းခမ်းရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင် တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်း၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်င်္စတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့အပြင် TNLA အနေဖြင့် သီပေါမြို့ရှိ ခလရ (၂၃)တပ်စခန်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိရာ စစ်ကောင်စီက လေကြောင်းပစ်ကူ ပေးတိုက်ခိုက်ခဲ့သည်။

ယနေ့ သီပေါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၂)ကြိမ် ဗုံး(၈၅)ကြဲချသည့်အပြင် ၎င်းတပ်ဖွဲ့ဝင်များအတွက် Y-12 လေယာဉ်ဖြင့် (၅)ကြိမ် ထောက်ပို့ပစ္စည်းများ လာရောက်ကြဲချပေးခဲ့သည်ဟု ဖော်ပြသည်။

TNLA အနေဖြင့် ဇွန်လ ၂၅ရက်မှစ တင်ခဲ့သည့် စစ်ဆင်ရေးအတွင်း သီပေါ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲမြို့များကို တိုက်ခိုက်ခဲ့ရာ သီပေါမှအပ ကျန်မြို့အားလုံးကို အပြီးသတ် ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

သီပေါမြို့ကိုလည်း TNLAက စိုးမိုးထိန်းချုပ်ထားနိုင်သည့် အခြေအနေရှိပြီး လက်နက်တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

TNLAသိမ်းထားသည့် နောင်ချိုတွင်လည်း စစ်ကောင်စီတပ်နှင့် TNLAအကြား တိုက်ပွဲဖြစ်ပွားမှုများ ဆက်ရှိနေသည်။

TNLAသည် PDFများနှင့် ပူးပေါင်းပြီးလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးများ၌ ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား