Connect with us

Hi, what are you looking for?

သတင်း

TNLAက သိမ်းပိုက်ထားသည့် မြို့ နယ်၁၂ခုတွင် တရားသူကြီးများခန့်အပ်

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် တအာင်းပြည်ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကို ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ဩဂုတ် ၁၁ရက်က ကျင်းပခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် တအာင်းပြည်ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများအပ်နှင်းသည့်အခမ်းအနားကို ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ဩဂုတ် ၁၁ရက်က ကျင်းပခဲ့ကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)တွင် TNLA ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်သော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ်(၁၂)ခုတွင် တရားသူကြီးများ ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရား ဉပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး တအာင်းပြည် ဗဟိုတရားသူကြီး (၃)ဦး၊ ခရိုင်တရားသူကြီး (၄)ဦး၊ မြို့နယ်တရားသူကြီး (၈)ဦးနှင့် ဥပဒေရှေ့နေ(၇)ဦး အသီးသီးတို့ထံ PSLF/TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခဲ့ပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ အခမ်းအနားသို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုဌာနမှူး ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း ၂၉ဦး တက်ရောက်ခဲ့သည်ဟု အသိပေးထားသည်။

TNLAသည် ဇွန်လ ၂၅ရက် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် နောင်ချို၊ မိုးကုတ်၊ မိုးမိတ် နှင့် ကျောက်မဲမြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင် သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။ သီပေါမြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း တရားသူကြီး ခန့်အပ်မှုတွင် သီပေါမြို့နယ်အတွက်ပါ ခန့်အပ်ထားခြင်းဖြစ်သည်။

စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂) အတွင်း စစ်ကောင်စီတပ်စခန်း ၁၃၀ခန့် သိမ်းပိုက်ရရှိခဲ့သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား