Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင် စစ်ကောင်စီတပ်စစ်ကြောင်း တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းအား လုံခြုံရေးယူပေးသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တစ်ရက်တည်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကြောင်း ၁

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင် ရိက္ခာပို့စစ်ကြောင်းအား လုံခြုံရေးယူပေးသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို တစ်ရက်တည်း သုံးကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခမရ(၅၆၁)မှ စစ်ကောင်စီတပ်စစ်ကြောင်းသည် ၎င်းတပ်ရင်းထံ ရိက္ခာလာပို့သော အင်အား ၃၀ပါစစ်ကြောင်းအား လုံခြုံရေးယူပေးရန် တမုတ်ချူံးကျေးရွာအနီးစစ်ကြောင်းထိုးလာစဥ် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)၊ တနင်္သာရီ(ပကဖ)တောင်ပံနီအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုများကို စစ်ကြောင်းရောက်လာသည့် သြဂုတ် ၈ ရက် နံနက် ၅ နာရီခွဲတွင် တစ်ကြိမ်၊ နံနက် ၈ နာရီခန့်တွင်တစ်ကြိမ်၊ နံနက် ၁၁ နာရီ ၄၇ ခန့်တွင် တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်ဟု စစ်ကြောင်း (၂)က အသိပေးသည်။

“သတင်းထုတ်ပြန်မှုနောက်ကျသွားတာက ကျနော်တို့ လုံခြုံရေးအရ ဖြစ်ပါတယ်။ ရဲဘော်လူနာတွေ ထွက်ပေါက်ပိတ်နေလို့ပါ”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်ဖက်တွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ လေးဦးသေဆုံးကာ ကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၍ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ တမုတ်ချုံးတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သောတော်လှန်ရေးတပ်ဖွဲ့များမှာ

တနင်္သာရီ(ပကဖ)ဇုန်(၄)တောင်ပံနီ၊ မြိတ်ခရိုင်တပ်ရင်း(၂)တပ်ခွဲ၂ ကာကွယ်ရေးပြောက် ကျား၊ ရိုးမ၊ တောဗုံးကြီး၊ ကျွန်းစု(ပကဖ)၊

တိုင်းပကဖလုံခြုံရေး၊ ဒရုန်းအဖွဲ့ စသည့်အဖွဲ့များ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ ခမရ(၅၆၁)သို့ ရိက္ခာလာပို့သော အင်အား ၃၀ ပါစစ်ကြောင်းကိုလည်း သြဂုတ် ၉ ရက် ညနေပိုင်းတွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်များက ကြားဖြတ်တိုက် ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။