Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့အထူးစစ်ဆင်ရေးအတွင်း စစ်ကောင်စီစခန်း လေးခုသိမ်းပိုက်ရရှိ

လက်နက် ၂၇လက်နှင့် စစ်သုံ့ပန်းဦး သုံးဖမ်းဆီးရမိ

နွားထိုးကြီးမြို့ပေါ်တိုက်ပွဲအတွင်း တွေ့ရသော ရဲဘော်များ။ ဓာတ်ပုံ - NPDF

ဇေအောင်/People’s Spring

‘မြင်းခြံခရိုင်အထူးစစ်ဆင်ရေး’၏ နွားထိုးကြီးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ လက်နက်၂၇လက်နှင့် စစ်သုံ့ပန်း သုံးဦးဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(သြဂုတ် ၁ဝရက်) နံနက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO)အဖြစ် နွားထိုးကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်း လေးခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်း ဌာနဆိုင်ရာရုံးများအားလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးကား သေနတ် ၂၇ လက်နှင့် စစ်သုံ့ပန်း သုံးသုံးဦး ဖမ်းဆီးရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

သိမ်းပိုက်နိုင်ခဲ့သည့်စခန်းများမှာ နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည်။

“အဓိက ကျနော်တို့က အထက်ဖော်ပြထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဗျ။

မြို့သိမ်းတာမျိုးလိုတော့ ခေါင်းစဥ် မတပ်ပါဘူးဗျ။ ထိုးစစ်ဆင်ခဲ့တာပါ။”ဟု နွားထိုးကြီးပကဖ၏ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် နွားထိုးကြီးမြို့ပေါ်၌ စစ်ကောင်စီတပ်သားများ မရှိတော့ကြောင်း ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ စစ်ကောင်စီစခန်းများအား သိမ်းပိုက်ပြီးနောက် PDFအဖွဲ့များ ထွက်လာပြီးနောက်ပိုင်းအချိန်အထိ လေကြောင်းပစ်ကူများရှိခဲ့ပြီး ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်မှုအခြေအနေ မသိရသေးပေ။

နွားထိုးကြီးမြို့ပေါ်၌ ထရန်စဖော်မာအချို့မီးလောင်ကာ လျှပ်စစ်မီးပြတ်တောက်နေပြီး အခွန်ဦးစီးဌာနရုံး၊ စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်တို့ မီးလောင်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

စစ်ဆင်ရေးကို မြင်းခြံခရိုင်အမှတ်(၄)တပ်ရင်း Natogyi People Defence Force၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ ၊တံတားဦးမြို့နယ်ပကဖ၊မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယမန်နေ့က တပြိုင်တည်းတိုက်ခိုက်သည့် တောင်သာမြို့နယ် ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။