Hi, what are you looking for?
မြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်) ကွန်ရက်တွေကို ဖြိုခွင်းခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို တရုတ် အစိုးရ မီဒီယာက ပြသတေရာမှာ အထင်ကရ စစ်ဆင်ရေးတစ်ခုကို၁၀မိနစ်လောက်အတွင်းအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းဖော်ပြထားပါတယ်။
အာဏာရှင်အဆက်ဆက်ခေါင်းဆောင်တွေဟာ ကျေးဇူးတရားကိုကန့်ကွက်စော်ကားရုံတင်မကဘဲနဲ့ ပြည်သူတွေရဲ့ ရင်ထဲက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အမျိုးသားခေါင်းဆောင်ကြီးတွေရဲ့ စိတ်ဓာတ်နဲ့သမိုင်းမော်ကွန်းတွေကိုပါ ဖျောက်ဖျက်ပစ်ဖို့ အစဉ်တစိုက်ကြိုးစားခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။
အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။