သတင်း ဖားကန့်မှာ တိုက်ပွဲဖြစ် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း လက်ပံတန်းအရှေ့ခြမ်းက စစ်ရှောင်ပြည်သူတွေနေထိုင်ရာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်နေ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း ကျောက်မဲဈေးက ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဝင်ရောက်ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်း သေနတ်နဲ့ ပစ်ခံရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ် ထိခိုက်မှုများနေ မကွေးတိုင်း၊ မင်းတုန်းမြို့ကနေ ရခိုင်ရိုးမပေါ်တက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်စစ်ကြောင်းဟာ အရာရှိတွေ အပါအ၀င် သေဆုံးသူများနေပြီး စစ်တပ်က တိုက်ပွဲနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေကူပေးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း မုံရွာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို စည်ပင်ဖယ်ရှားနေ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း NEDရဲ့ဒီမိုကရေစီဆု”နွေဦးတော်လှန်ရေးပြည်သူအခြေပြုစည်းရုံးလှုံ့ဆော်သူများ” ကိုယ်စား သပိတ်ခေါင်းဆောင်ကိုနန်းလင်း ဆုလက်ခံယူ မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီ အရေးအတွက်ရုန်းကန် တိုက်ပွဲဝင်မှုအပေါ်မှာမျှော်လင့်ချက်ခိုင်ခိုင်မာမာထားရှိကြဖို့နဲ့ အတူ ရပ်တည်ပေးကြဖို့ ကိုနန်းလင်းတိုက်တွန်း ludunwayooစက်တင်ဘာ 13, 2026
သတင်း ရွှေကူမြို့နယ် ဇင်းဘုံတိုက်ပွဲအထိနာတဲ့ စစ်တပ်စစ်ကြောင်းတွေ တပ်လန်ဆုတ်ခွာ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်အထိနာပြီး စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooစက်တင်ဘာ 13, 2026
သတင်း ကျောက်ဖြူ ၊တောင်မော်ဦးတိုက်ပွဲမှာစစ်တပ်ဆီကလက်နက်ခဲယမ်းနဲ့ အလောင်းတွေAA သိမ်းဆည်းရရှိ ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။ ludunwayooစက်တင်ဘာ 12, 2026
သတင်း ဝဒေသမှာ ၃ နှစ်ကြာ ရပ်နားထားတဲ့ သံဖြူ သတ္တုတွင်းမှာထုတ်လုပ်မှု ပြန်စ ဝဒေသထဲမှာ တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး စာရင်းဝင်သံဖြူသတ္တုတွင်းတစ်ခု နှစ်နဲ့ချီ ရပ်နားထားရာက လုပ်ငန်း ပြန်လည်ပတ်နေကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ကဖော်ပြပါတယ်။ ludunwayooစက်တင်ဘာ 12, 2026
သတင်း ပခုက္ကူခရိုင်က မီးဘေးသင့်ပြည်သူနေအိမ်တွေ ပြန်ဆောက်ဖို့ PDF ကူညီပေး မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှု့ကြောင့် ပျက်စီးခဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ပြည်လည်တည်ဆောက်ဖို့အတွက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ဒီကနေ့ (စက်တင်ဘာ ၁၁) ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 12, 2026