စက်တင်ဘာ-၁၀၊၂၀၂၆။ကတ်သရင်း/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့တံတားဦး လေတပ်ကိုတော်လှန်ရေးတပ်တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရေးသတင်းအရင်းမြစ် တွေကပြောပါတယ်။
“ကာမီကာဆယ်အသေခံဒရုန်းတွေလို့ သိရတယ်။အထိခိုက် သေချာမသိရဘူး။အခုတတပ်လုံးအဝင်အထွက်ပိတ်ပြီးလုံခြုံရေးတွေထပ်ကြပ်နေတယ်”လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
လေတပ်တွင်းထိခိုက်ပျက်စီးမှုနဲ့ လေယာဉ်ပျက်စီးမှု ရှိ ၊မရှိ စတဲ့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးပါဘူး။တံတားဦးလေတပ်တိုက်ခိုက်ခံရပြီးနောက် တံတားဦး ခရီးသည်တင်လေဆိပ်က လေယာဥ်ခရီးစဥ်တွေကိုလည်းဖျက်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။ဒါ့အပြင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ လေတပ်အနီးနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကိုဆက်တိုက်ပျံတက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။

Public Service Announcement
ဒီလိုတိုက်ခိုက်ခံရမှုမှာဒရုန်းတွေဟာနွားထိုးကြီး မြို့နယ်ဘက်က လာတယ်ဆိုပြီး လေတပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် နွားထိုးကြီးမြို့နယ်၊နွားခြံကြီးကုန်းရွာအနီးမှာတော်လှန်ရေးတပ်တွေနဲ့စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန် နေပြီး ယနေ့ည ၆နာရီ ကျော်အထိပစ်ခတ်သံ တွေကြား နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“ဒီနေ့ နွားထိုး- တောင်သာဘက်တွေကိုကင်း ထောက်တွေလည်းဆက်တိုက်ဝဲတယ်။ဒီနေ့ ကင်းထောက်တော်တော်များများကိုပျံနေတာ”လို့ဒေသခံတဦးကပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ယာဥ်တန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်တာမှာသေဆုံထိခိုက်မှုတွေများတယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒါပေမယ့်အသေးစိပ်အခြေအနေကိုမသိရသေးပါဘူး။
ဂျန်ဘာ(ဒရုန်းဖျက်စက်)အများဆုံး တပ်ဆင်ထားတဲ့ လေတပ်အတွင်းကို တော်လှန်ရေး တပ်တွေကဒရုန်းတွေနဲ့ ဖြတ်ကျော်ဝင်ရောက်ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ရဲ့တံတားဦးလေတပ်ကို ဘယ်တော်လှန်ရေးအဖွဲ့ကတိုက်ခိုက်တယ်ဆိုတာကိုတော့မသိရသေးပါဘူး ။



















































