သတင်း ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း အထိမ်းအမှတ် Blue Shirt Campaign စတင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြဲတိုက်ပွဲဝင်ခဲ့တဲ့ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်အထိမ်းအမှတ် Blue Shirt Campaign မှာ ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ LuduNwayOoဧပြီ 14, 2026
သတင်း နတ်မောက်မြို့နားမှာ တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ မကွေးတိုင်း၊ မြို့သစ်နဲ့ နတ်မောက်မြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သရက်ခရိုင် အမှတ်- ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 14, 2026
သတင်း AAတပ်ဖွဲ့ မွေးနေ့ MNDAAနဲ့ TNLA ပူးတွဲသဝဏ်လွှာပို့၊ မဟာမိတ်ပီပီ ချစ်ကြည်မှု မပျက် အချင်းချင်း ဖေးမ မယ်လို့ဖော်ပြ ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ LuduNwayOoဧပြီ 14, 2026
သတင်း ကော်သူးလေ အတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးဟု KNU ထုတ်ပြန် တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ LuduNwayOoဧပြီ 14, 2026
သတင်း စက်သုံးဆီဈေး ဆက်လက်မြင့်တက်၊ ဒီဇယ်တစ်လီတာ ၈၀၀၀ ကျပ်နီးပါးရောက်လာ စံချိန်တင်မြင့်တက်နေတဲ့ စက်သုံးဆီဈေးဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်နေပြီး ဒီဇယ်တစ်လီတာ ကျပ်တစ်ထောင်ခန့် ထပ်မံတက်လာပါတယ်။ LuduNwayOoဧပြီ 14, 2026
သတင်း နတ်မောက်အရှေ့ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ဗိဿနိုးတပ်တိုက်ခိုက် ရန်ကုန်-မန္တလေး အမြန်လမ်းကနေ နတ်မောက်မြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ် တာဝန်ရှိသူက ပြောပါတယ်။ LuduNwayOoဧပြီ 14, 2026
သတင်း ထိုင်း – မြန်မာနယ်စပ်နားက ကြယ်ပြောင်ခြေကုပ်စခန်းကို KNU သိမ်းယူ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မယ်သဝေါဒေသရှိ စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ကုန်းစခန်းကို ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ(၇)က ဒီနေ့ ဧပြီလ(၁၃)ရက်နေ့မှာ တိုက်ယူလိုက်တယ်လို့ ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။ ludunwayooဧပြီ 14, 2026
သတင်း အနှစ်သာရကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ ရွှေဘိုပအဖ တိုက်တွန်း ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ မရရှိသေးမီကာလအတွင်း အနှစ်သာရ ကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဧပြီ ၁၂ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။ ludunwayooဧပြီ 14, 2026
သတင်း ဂျပန်ရောက်မြန်မာတွေ ထောက်ပို့တော်လှန်နွေဦးသင်္ကြန်ပွဲတော် ကျင်းပ ဂျပန်နိုင်ငံ တိုကျိုမြို့က Kiba Parkမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ နဲ့ ၁၂ရက်က ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ထောက်ပို့တော်လှန် နွေဦးသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ludunwayooဧပြီ 14, 2026
သတင်း တနင်္သာရီမြို့နယ်အတွင်း PDFပူးပေါင်းတပ်နဲ့ စစ်တပ်တိုက်ပွဲ နှစ်ဖက်ထိခိုက်ရှိ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ ဧပြီ ၁၁ရက်ကထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ludunwayooဧပြီ 13, 2026