Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေ အတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးဟု KNU ထုတ်ပြန်

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

(ကော်သူးလေအတိုင်ပင်ခံကောင်စီနဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းရန်ဆွေးနွေးနေကြစဉ်။ ဓာတ်ပုံ - KNU)

▪️အတည်ပြုပြီးဖြစ်တဲ့ တော်လှန်ရေးကာလ ကော်သူးလေဋိညာဉ်ကို နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ပြင်နိုင်ဟု အသိပေး

ဧပြီ ၁၀၊ ၂၀၂၆၊ ထားမြတ်/People’s Spring

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဥ်ကို အတည်ပြုပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ(KCC)နဲ့ ကော်သူးလေအုပ်ချုပ်ရေးကောင်စီ(KGC) ကို ဖွဲ့စည်းပြီးစီးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

၂၀၂၆ မတ်လ ၃၁မှ ဧပြီ ၂ရက်ထိ ကော်သူးလေတွင် ကျင်းပခဲ့သော ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာတိုင်ပင်ဆွေးနွေးပွဲမှာ ကာလ (၂) နှစ်ကျော် ကြာမျှအချိန်ယူ ရေးဆွဲပြင်ဆင် လာခဲ့တဲ့ တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်မူကြမ်းကို ဆွေးနွေးအတည်ပြုပြီး KCCနဲ့ KGC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တိုင်ပင်ဆွေးနွေးပွဲကို ကော်သူးလေပဋိညာဉ်ရေးဆွဲ ရေးအဖွဲ့ဝင်များနဲ့ ဖိတ်ကြား ထားတဲ့ ကိုယ်စားလှယ် (၆၅) ဦးအနက်မှ အမျိုးသားကိုယ်စားလှယ် (၄၁) ဦး၊ အမျိုးသမီးကိုယ်စားလှယ် (၁၇) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၅၈) ဦးတက်ရောက်ပြီး အကြေအလည်ညှိနှိုင်း ဆွေးနွေး အတည်ပြုခဲ့တာလို့ဆိုပါတယ်။

” ကော်သူးလေအတွက် စာမျက်နှာအခန်းအသစ်တစ်ခု စတင်ပါပြီ။ တော်လှန်ရေးကာလ ကော်သူးလေ ပဋိညာဉ်ကို ကျယ်ပြန့်သည့် ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းအားထုတ်မှုများဖြင့် တရားဝင် အတည်ပြုခဲ့ပြီး ကော်သူးလေအတိုင်ပင်ခံကောင်စီ နှင့် ကော်သူးလေအုပ်ချုပ်ရေးကောင်စီ တို့ကို ဖွဲ့စည်းခဲ့သည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကိုအခြေပြုပြီး KNU ၏ နိုင်ငံရေးဦးဆောင်မှုနဲ့ ခရိုင် (၇)ခုမှ ကိုယ်စား လှယ်များနဲ့ အတူတကွ မျှဝေသတ်မှတ်ထားတဲ့ စံတန်ဖိုးများဖြင့် ပိုမိုပြည့်၀စွာကိုယ်စားပြုမှုရှိသော၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော ကော်သူးလေ ဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းတကျ ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ရဲ့ တာဝန်မှာ ကော်သူးလေ ဖက်ဒရယ်ယူနစ်တည်ဆောက်ပုံဖော်ရေးတွင် သက်ဆိုင်ရာဒေသန္တရမှကိုယ်စားပြုမှုများ ပိုမိုအားကောင်း လာစေဖို့၊ လိုအပ်သောအကြံပြုမှုများ၊ နည်းပညာပံ့ပိုးမှုများ ရရှိရေး လမ်းညွှန်ဆောင်ရွက်ပေးဖို့ ဖြစ်ကြောင်း ရှင်းပြပါတယ်။

KCC တွင်ပါ၀င်မည့် လူပုဂ္ဂိုလ်အမည်စာရင်းများကိုလည်း ကနဦး အတည်ပြုခဲ့ကြောင်း အသိပေးထားပြီး အမည်စာရင်းကိုတော့ဖော်ပြမထားသေးပါဘူး။

ကော်သူးလေအုပ်ချုပ်ရေးကောင်စီ (KGC) ရဲ့ တာဝန်မှာ လက်ရှိ KNU ရဲ့ အုပ်ချုပ်ရေးဌာန (၁၂) ခုအနက်မှ ဌာန (၇)ခု ဖြင့်အစပြုပြီး ၎င်းဌာနများကို ပိုမိုကျယ်ပြန့်သောပါဝင်မှု၊ စွမ်းဆောင်ရည်များ ပိုမိုအားကောင်းလာသော ဌာနများဖြစ်လာရေးအတွက် ကောင်းမွန်သော အုပ်ချုပ်ရေး စံနှုန်း များနဲ့အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။ ဒ့ါအပြင် အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဌာနကို KGC ရဲ့(၈) ခုမြောက် ဌာန အဖြစ်အသစ်တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြပါတယ်။ KGC တွင်ပါဝင်တဲ့ ဌာန (၈) ခုရဲ့ ဌာနမှူး အမည်စာရင်းများကိုလည်း ကနဦးအတည်ပြုခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

မတ်လကုန်နဲ့ဧပြီလဆန်းမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးကို ကော်သူးလေပဋိညာဉ်တွင် ပါ၀င်ကိုယ်စားပြုရန်သတ်မှတ်ထားသော အစုအဖွဲ့ (၅) စု အနက်မှ (၄) စုဖြစ်ကြသော KNUရဲ့ ဗဟိုနဲ့ ခရိုင် (၇) ခုမှာ တာ၀န်ထမ်းဆောင်လျက်ရှိတဲ့ အရာရှိကိုယ်စား လှယ်များ၊ ခရိုင် (၇) ခုမှ စစ်အာဏာသိမ်းယူမှုကိုဆန့်ကျင်ကာ တော်လှန်ရေးကာလကော်သူးလေ ပဋိညာဉ်ကို လက်ခံသော လူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များနဲ့ လူမျိုးစုကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်းအသိပေးပါတယ်။

ပဉ္စမအစုအဖွဲ့ဖြစ်တဲ့ ၂၀၂၀ရွေးကောက်ပွဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့်မှ ရွေးကောက် တင်မြောက်ခြင်းကိုခံခဲ့ရပြီး တော်လှန်ရေးကာလကော်သူးလေပဋိညာဉ်ကို လက်ခံသော ဌာနေ ကိုယ်စားလှယ်များမှာ တက်ရောက်နိုင်ခဲ့ခြင်း မရှိဟု အသိပေးပါတယ်။ ဒါပေမဲ့ KNU အနေနဲ့ အဲဒီကိုယ်စားလှယ်တွေနဲ့ မတ်လအတွင်းမှာ လူတွေ့ တွေ့ဆုံကာ အတည်ပြုရေးကိစ္စကို ဆွေးနွေးခဲ့ပြီးအကြံပြုချက်များ ရယူခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ကော်သူးလေ ပဋိညာဉ် တွင် ပါဝင်ကိုယ်စားပြုရန်သတ်မှတ်ထားသော အစုအဖွဲ့တစ်ခုဖြစ်တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွင် ရွေးချယ်တင် မြောက်ခြင်းခံ ရသော လူထုကိုယ်စားလှယ်များ ကော်သူးလေပဋိညာဉ် အတည်ပြု ရေးတွင်ပါ၀င်လာစေရေးကိစ္စကို KCC ဖွဲ့စီးပြီး (၃) လအတွင်း ဆောင်ရွက် ရန်ဆုံးဖြတ်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ကော်သူးလေပဋိညာဉ်ဟာ “အောက်ခြေမှအထက်သို့” ဖက်ဒရယ်ထူထောင်ရေး လုပ်ငန်းစဉ်ဖြင့် ကော်သူးလေ ဖက်ဒရယ်ယူနစ် တစ်ခုကို ထူထောင်ရင်း၊ အခြားသောဖက်ဒရယ်ယူနစ်များနဲ့ ညှိနှိုင်းချိတ်ဆက်ကာ စစ်အာဏာ ရှင်စနစ်ကို ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ရင်း တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလ သို့ စနစ်တကျ ကူးပြောင်းရေးအတွက် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ရှင်းပြထားပါတယ်။

အခု အတည်ပြုလိုက်သော တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန် မကြာခင် ထုတ်ပြန်မယ်လို့လည်း အသိပေးပြီး ပဋိညာဉ်ပါအကြောင်းအရာများနဲ့ ပတ်သက်ပြီး မေးမြန်း၊ အကြံပြုချက်များပေးပို့လိုပါက အီးမေးလ်နဲ့ Signal နံပါတ်တွေဖြစ်တဲ့ E-mail: knu.comm@protonmail.com Signal: +66 98 687 9384, +66 80 228 0996 သို့ ဆက်သွယ်နိုင်ဟု ဖိတ်ခေါ်ထားပါတယ်။

တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ကို အချိန်နဲ့ အမျှ လျင်မြန်စွာဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေး အခင်းအကျင်းများနဲ့ အညီ လိုက်လျောညီထွေမှုရှိရေးအတွက် မွမ်းမံပြင်ဆင်နိုင်ဖို့ အတွက်လည်း ကော်သူးလေ ပဋိညာဉ်ကို အပိုင်း (၃) အပိုဒ် (၁၁)အရ “တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်ပြင်ဆင်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ကြောင်း ပြဌာန်းထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။