Connect with us

Hi, what are you looking for?

သတင်း

အနှစ်သာရကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ ရွှေဘိုပအဖ တိုက်တွန်း

ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ မရရှိသေးမီကာလအတွင်း အနှစ်သာရ ကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဧပြီ ၁၂ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

​ဧပြီ-၁၃၊၂၀၂၆။ဟာနာဆန်/People’s Spring

​ပြည်သူတွေအနေနဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေ မရရှိသေးမီကာလအတွင်း အနှစ်သာရ ကင်းမဲ့တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သည်းခံစောင့်ထိန်းပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရွှေဘိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ဧပြီ ၁၂ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

​အဆိုပါ ထုတ်ပြန်ချက်မှာ မြန်မာပြည်သူလူထုရဲ့ ဘုံရန်သူဖြစ်တဲ့ စစ်မိစ္ဆာအာဏာရှင်ကို အမြစ်ပြတ်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ ပြည်သူများဟာ စစ်မှန်တဲ့ လွတ်လပ်မှုအတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ကြိုးစားနေရတဲ့အချိန် ဖြစ်ကြောင်း ရေးသားထားပါတယ်။

​”ကိုယ်၊ စိတ်နှစ်ပါး ပင်ပန်းနေကြသည်ကို ကိုယ်ချင်းစာ နားလည်ခံစားမိသော်လည်း စစ်မှန်တဲ့လွတ်လပ်မှု မရမချင်း ကျင်းပတဲ့ ပျော်ပွဲရွှင်ပွဲတွေဟာ အနှစ်သာရ ကင်းမဲ့လွန်းတာကြောင့် သည်းခံစောင့်ထိန်းပေးကြဖို့ ရွှေဘိုမြို့နယ် ပအဖက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ အဆက်မပြတ် ယုတ်မာရက်စက်မှုတွေကို လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ဖို့နဲ့ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် အထူးသတိပြု နေထိုင်ကြဖို့ကိုလည်း ရွှေဘိုပအဖက တိုက်တွန်းပါတယ်။

“လေကြောင်းကနေလည်း ဗုံးကကြဲနိုင်တယ်။ သင်္ကြန်ကမလုပ်သင့်သေးဘူး”လို့ ရွှေဘိုခရိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။

​ရွှေဘိုခရိုင်အတွင်းက ဒီပဲယင်း၊ အရာတော်နဲ့ ကနီမြို့နယ်တွေမှာလည်း သင်္ကြန်ကာလ ဆူညံစွာ ကခုန်ပျော်မြူးတာတွေ မလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၆ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း ဆင်အင်းရွာရှိ စစ်ရှောင်ကလေးငယ်တွေစာသင်ကြားနေတဲ့နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ပေးတဲ့ သံဃာတစ်ပါးပျံလွန်ပြီး စစ်ရှောင်၂ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့မှုအတွင်း ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။