သတင်း ဖားဆောင်းမြို့နေပြည်သူများကို စစ်ကောင်စီကမြို့မှထွက်ခွာခိုင်း ဇွန်လ တတိယပတ်ကစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းခြင်းများပြုလုပ်ကာ မြို့တွင်း ကင်းလှည့်ခြင်းနှင့်အတူ ဖားဆောင်းနှင့် မယ်စဲ့ မြို့ကြား၌ ထိုးစစ်ဆင်မှု ပြုလုပ်နေသည်ဟု သိရသည်။ LuduNwayOoဇွန် 21, 2023
သတင်း ရေး – သံဖြူဇရပ်ကြားတွင် ပူးပေါင်းတပ်က နေ့စဉ်လုံခြုံရေးယူ စောင့်ကြည့်စစ်ဆေးနေဟု NUG အသိပေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပုံမှန်စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်၍ ခရီးသွားမိဘပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးပါရန်လည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားသည်။ LuduNwayOoဇွန် 21, 2023
သတင်း မန္တလေးမြို့က ထင်ရှားသည့် စာရေးဆရာဆရာညီပုလေး ကွယ်လွန် ပန်းချီ ရေးဆွဲခြင်းကို ဝါသနာပါ၍ ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ညီပုလေးသည် ဓာတ်ပုံရိုက် ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍... LuduNwayOoဇွန် 21, 2023
သတင်း ကလလတ၏ BGF တပ်ရင်း ၂ခုလုံး တော်လှန်ရေးအင်အားစုနှင့်ပူးပေါင်းမှု သေချာသလောက်ရှိဟု ကရင်နီသတင်းရင်းမြစ်ပြော နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းထားသည့် ကလလတ -KNPLF တပ်ရင်း ၂ရင်းရှိရာ နှစ်ရင်းလုံးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းလိုက်ပြီဟု ကြားရကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ LuduNwayOoဇွန် 21, 2023
သတင်း ကိုယ်ပိုင်ပြဌာန်းခွင့်ကျင့်သုံးနိုင်ရေး ကရင်နီပြည်နယ်အတွင်းရှိ အင်အားစုများအားလုံး တော်လှန်ရေးတွင် ပါဝင်ရန် KNPP ပြော စစ်အာဏာရှင် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အ၀ရှိသော ကရင်နီပြည် ဖြစ်ပေါ်လာရေးအတွက် ရောက်ရှိသည့်နေရာမှ အမျိုးသားရေးအတွက် ကျရာကဏ္ဍများ၌ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း KNPPက တိုက်တွန်းထားသည်။ LuduNwayOoဇွန် 21, 2023
သတင်း ဖျာပုံမြို့အနီး ပင်လယ်ပြင်အတွင်း ယနေ့နံနက် ငလျင်လှုပ်ခတ် ငလျင်သည် မြေအနက် ၁၀ ကီလိုမီတာခန့်တွင်ဗဟိုပြု၍ ယနေ့(ဇွန်လ ၂၁ရက်) ၉နာရီ ၁၇မိနစ်တွင် လှုပ်ရှားခြင်းဟု ထုတ်ပြန်ထားသည်။ LuduNwayOoဇွန် 21, 2023
သတင်း မုံရွာခရိုင်အခြေစိုက် PDF ထုတ်လုပ်ရေးစခန်းတစ်ခုမီးလောင်ပြီး ကျပ်သိန်း ၃၀၀ခန့် ဆုံးရှုံး ပြီးခဲ့သည့် ဧပြီ ၁၀ ရက်ကလည်း မုံရွာခရိုင်အခြေစိုက် Danger Force LPDF အဖွဲ့၏ ထုတ်လုပ်ရေးစခန်း အပူရှိန်လွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ပြီး ထုတ်လုပ်ရေးပစ္စည်းများ ကျပ်သိန်း၇၀ဖိုးခန့် ဆုံးရှုံးခဲ့သေးသည်။ LuduNwayOoဇွန် 21, 2023
သတင်း ထားဝယ်-ထီးခီးလမ်းပိုင်းတွင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခုနစ်ဦးထက်မနည်းသေ၊ PDF ရဲဘော်နှစ်ဦးကျဆုံး ဇွန် ၁၇ ရက် နေ့လယ် ၁ နာရီခန့်က ထားဝယ်-ထီးခီးလမ်းအတိုင်းနယ်မြေရှင်းလင်းရေးရောက်ရှိလာသည့် အစ်အား ၁၅၀ ခန့်ပါ စစ်တပ်ယာဥ်တန်းကို သင်္ကန်းတုန်ရွာအနီးတွင် ထား ဝယ်ခရိုင် PDF တပ် ရင်း(၁)မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။ LuduNwayOoဇွန် 20, 2023
သတင်း ဒေါ်အောင်ဆန်းစုကြည်နှင့် KIOအကြားရှိထားပြီးသော အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မြဲရေး ဆောင်ရွက်မည်ဟု NLD ထုတ်ပြန် ယမန်နေ့ကကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည့်၏ (၇၈)နှစ်မြောက်မွေးနေ့ အခမ်းအနားသို့ KIO ဗဟိုကော်မတီမှ ဆုတောင်းမေတ္တာစာပေးပို့ခဲ့မှု အပေါ် ယခုကဲ့သို့ NLDက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 20, 2023
သတင်း မြင်းခြံတွင် စစ်ကောင်စီရေယာဥ် ပစ်ခတ်တိုက်ခိုက် မြင်းခြံမြို့နယ်သည် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်ပါ ဖြတ်တောက်ခံထားရသည်။ LuduNwayOoဇွန် 20, 2023