Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီး​မော့ဆိုမြို့နယ်ရှိ စစ်​ဘေး​ရှောင်စခန်းကို စစ်​ကောင်စီဗုံးကြဲ စာသင်​နေ​သောက​လေးငယ် ၄ ဦး​သေ၊၁၀ ဦး​ကျော်ဒဏ်ရာရဟုကနဦးသတင်းရရှိ

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People’s Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

ကရင်နီပြည်၊ ဒီး​မော့ဆိုမြို့နယ် ရှိ စစ်​ဘေး​ရှောင်က​လေးငယ်များတက်​ရောက်ပညာသင်ကြား​နေသည့် စာသင်​ကျောင်းကို ယ​​နေ့နံနက် တွင်စစ်​ကောင်စီက တိုက်​လေယာဥ်နဲ့ ဗုံးနှစ်ကြိမ်ကြဲသဖြင့် စာသင်ကြား​နေ​သော က​လေးငယ် ၄ ဦး​သေဆုံးပြီး ၁၀ ဦး​ကျော် ဒဏ်ရာရရှိ​​ကြောင်း ကနဦးသတင်းရရှိသည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

“မနက်(၁၀)နာရီဝန်းကျင်ခန့်က စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ‌ကြဲချခဲ့တာကြောင့်-(၁၁-၁၃)အသက်ရွယ်ကြား ကလေးငယ် ကျား (၄)ဦး သေဆုံးခဲ့ရပြီး ၊ ထိခိုက်ဒဏ်ရာရ ကလေးငယ် (၁၀)ဦးကျော် ရှိခဲ့ပါတယ်။”ဟု ကရင်နီ​ဒေသသတင်းများ​ဖော်ပြ​ပေး​နေ​သော jobs for kayah က စာသင်း​ကျောင်းဗုံးကြဲခံရ​သောပုံများနှင့် ​ဖော်ပြထားသည်။

ဒီမောဆိုမြို့နယ်တွင် စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက လည်း “ကလေးလေးယောက်သေဆုံးတယ်။ ကျောင်းကိုမှ တည့်တည့်ပစ်သွားတာ။ ဗုံးနှစ်လုံး ကြဲသွားတာပါ” ဟု People’s Spring ကို ပြောသည်။

“ခံစားကြည့်ပါဗျာအပိုင်းပိုင်း ပြတ်နေတဲ့ ခန္ဓာအစတွေကို ဘယ်သူကလေး ၊ငါ့ကလေး မသိတော့ဘူး။တစ်စစီကောက်နေရတယ်” ဟု Jobs For Kayah က​နောက်ဆပ်တွဲ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အလားတူကရင်နီ​ဒေသ ရှိစစ်​ဘေး​ရှောင်များအ​ကြောင်း​ဖေည်ပြ​ပေး​နေသည် Clean Yangon ​​ဖေစ်ဘွခ်စာမျက်နှာကလည်း “ကလေးတွေစာသင်နေတဲ့ စာသင်ကျောင်းကို ဗုံးလာကြဲနေကလေးများ ထိခိုက်မှုရှိ”ဟု ​ရေးသား​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People’s Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။

စစ်​ကောင်စီတပ်၏ ​လေ​ကြောင်းပျံသန်းမှုများကို စုံစမ်း​ဖော်ပြ​ပေး​နေ​သော EAR -Enemy Air Route Channel ကလည်း ယ​နေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်နှင့် ၁၀ နာရီ ၃၉ မိနစ်တွင် ဖယ်ခုံကိုဖြတ်၍ Jet Fighter ၁ စင်းနှင့် Y-12 ဟုယူဆရ​​သော ​လေယာဥ် ၂ စင်းအ​ရှေ့ဘက်သို့ပျံသန်းသွား​ကြောင်း​​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)
(စစ်​ကောင်စီတပ် ဗုံးကြဲ၍ပျက်စီးသွား​သော စစ်​ဘေး​ရှောင်က​လေးငယ်များ၏ စာသင်​ကျောင်း။ဓါတ်ပုံ-Jobs For Kayah)

နိူင်ငံတစ်ဝန်း တိုက်ပွဲများတွင် အထိနာ​နေ​သောစစ်​ကောင်စီတပ်သည် အရပ်သားပြည်သူများကိုပါ ​လေ​ကြောင်းမှ ဗုံးကြဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်းများပိုမို ပြုလုပ်လာ​ကြောင်း​တော်လှန်​ရေးအဖွဲ့များက​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။