Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်အေးမြို့ ပြန်သိမ်းရန်ထိုးစစ်ဆင်လာ​သောစစ်​ကောင်စီတပ် စစ်ရှုံး၍ ပြန်ဆုတ်​ပြေး

ရွှေပြည်အေးမြို့ကို ဇန်နဝါရီလ ၂၃ရက်တွငိ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထိုးလာ၍ မြို့ရှိထွေအုပ်ရုံး၌ တပ်စွဲထားပြီး မြို့ကိုပြန်ရရန် ကြိုးစားရာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့​ကြောင်း PDF အချို့က​ပြောသည်။ ​

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)

▪︎စစ်ကောင်စီတပ်သား အလောင်း ၇လောင်း၊ လက်နက်၃လက်ရပြီး ၊ဆုတ်​ပြေး​သောစစ်သားများကို လိုက်လံရှင်းလင်း​နေဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကိုပြန်သိမ်းရန် ထိုးစစ်ဆင်လာ​သော စစ်ကောင်စီတပ် စစ်ရှုံးပြီး ပြန်ဆုတ်​ပြေးသဖြင့် ​တော်လှန်​ရေးတပ်ဖွဲ့များကလိုက်လံ​ချေမှုန်းလျက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

PDFများထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့အား စစ်ကောင်စီက ဇန်နဝါရီလ (၁၃) ရက်မှ စ၍ ပြန်လည်ထိုးစစ်ဆင်လာရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ အားလုံး ထွက်ပြေးဆုတ်ခွာသွားကြောင်း ဖော်ပြသည်။

လက်ရှိတွင် PDF တပ်မတော်က မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်ဟုအသိ​ပေး သည်။

Public Service Announcement

Public Service Announcement

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)

လက်ရှိတွင် စစ်ကောင်စီတပ်များ ဆုတ်ခွာရာလမ်းကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ၊ တိုက်ပွဲဖြစ်ခဲ့သည့် ရွှေပြည်အေးမြို့ကို ရှင်းလင်းရာ ရန်သူ့တပ်သား အလောင်း (၇) လောင်း၊ လက်နက် (၃) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးဖော်ပြထားသည်။

ရွှေပြည်အေးမြို့ကို ဇန်နဝါရီလ ၂၃ရက်တွငိ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် မြေပြင်စစ်ကြောင်းထိုးလာ၍ မြို့ရှိထွေအုပ်ရုံး၌ တပ်စွဲထားပြီး မြို့ကိုပြန်ရရန် ကြိုးစားရာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့​ကြောင်း PDF အချို့က​ပြောသည်။ ​

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)

“ဗုံး‌တွေကို စ– တွေက စနက်တံဖြုတ် ဖြုတ်ပြီးချတာ။ မြို့ကိုဖျက်တာ။ ဒေသခံတွေကတော့ သတင်းကြိုရလို့ ရှောင်နေလို့ ထိခိုက်သေဆုံးတာမရှိဘူး”ဟုPDF တစ်ဦးက ဇန်နဝါရီ ၂၃ ရက်တိုက်ပွဲအ​ခြေအ​နေကို ​ဖေ​ဖော်ဝါရီ ၂ ရက်တွင်ပြောသည်။

ထို​နောက်ထွေအုပ်ရုံး၌တပ်စွဲထား​သောစစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့များကို ​တော်လှန်​ရေးတပ်ဖွဲ့များကခုခံတိုက်ခိုက်ရာ​နောက်ဆုံး ထိခိုက်​သေဆုံးမှုများပြီး တပ်ဆုတ်​ပြေးကြခြင်းဖြစ်သည်။

ရွှေပြည်အေးမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင်တပ်ရင်းများ၊ ပကဖ များက တွန်းလှန်တိုက်ထုတ်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၃ နိုဝင်ဘာလအတွင်း ရွှေပြည်အေးမြို့မှ စစ်ကောင်စီတပ်စခန်းများကိုအမျိုးသားညီညွတ်ရေးအစိုးရ- NUGကာကွယ်​ရေးဝန်ကြီးဌာန ၊ အမှတ် (၁ )စစ်​ဒေသ​အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၂) ရက်တွင် မြို့ကို သိမ်းယူနိုင်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရှစ်ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUGကာကွယ်‌ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)
(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ/မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရရှိ​သော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ/ ​ရွှေပြည်​အေးမြို့ မြင်ကွင်း။ဓါတ်ပုံ-HPDF ၊NUG)

မြို့သိမ်းခံရပြီး​နောက် ဒီဇင်ဘာလ ၂၅ရက်ကလည်း စစ်ကောင်စီတပ်က လေကြောင်းအကူဖြင့် မြေပြင်စစ်ကြောင်းပြန်ထိုးလာသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ထို​နောက် ဇန်နဝါရီ လလယ်မှစ၍ ဒုတိယကြိမ်စစ်ကြောင်း ထပ်မံထိုးလာခြင်းဖြစ်သည်။ စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များနှင့် မီဒီယာများကမူ ဇန်နဝါရီ လကုန်ပိုင်းကတည်းက မြို့ကို သိမ်းပိုက်နိုင်ပြီဟု ​ရေးသား၊ ​ပြောဆို ဖြန့်ချီ​နေကြခြင်းဖြစ်သည်။

စစ်ကောင်စီသည် PDFနှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကောလင်းမြို့သို့လည်း ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် သေဆုံးထိခိုက်များပြားစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

စစ်ကောင်စီအနေဖြင့် ရှမ်းမြောက်၊ ရက္ခိုင်၊ စစ်ကိုင်း နှင့် ကရင်နီအပါအဝင် ဒေသအသီးသီး တိုက်ပွဲများ၌ စစ်ရေးအရ ရှုံးနိမ့်နေပြီး မြို့နှင့် ဒေသများကိုစွန့်လွှတ်ခဲ့ရသော်လည်း မည်သည့် မြို့ကိုမှ ပြန်လည်ပြီး ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မောင်တော၊ ကြိမ်ချောင်း စခန်းကိုလည်း တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လျက်ရှိသော ကြောင့်နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်ဟုဆိုသည်။

သတင်း

၂ ကြိမ် စစ်​ကြောင်းထိုးပြီး အထိနာပြန်ဆုတ်သွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ဒေသခံရှမ်းနီလူမျိုးများအားလုံး ပြည်သူ့စစ်အနေဖြင့် စုဆောင်းကာ ထပ်မံစစ်ကြောင်းထိုးရန် ကြိုးစားနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။