Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်အေးမြို့မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ် စောင့်ဆိုင်းတိုက်ခိုက်

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်ကလည်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင် ကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးရုံးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တရားရေးတာဝန်ခံအပါအဝင် ၅ ဦး သေဆုံးခဲ့သေးသည်။

(ရွှေပြည်အေးမြို့အား ခုခံကာကွယ်နေသည့် ဟုမ္မလင်းPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - HPDF)
(ရွှေပြည်အေးမြို့အား ခုခံကာကွယ်နေသည့် ဟုမ္မလင်းPDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - HPDF)

▪️ဆားလင်းကြီးတွင် PDF ဂိတ်အပါအဝင် နေရာလေးခုအား စစ်တပ် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားခဲ့ကြောင်း ခန္တီးခရိုင် တပ်ရင်း-၃(HPDF-124)က ယနေ့ ထုတ်ပြန်သည်။

အမှတ်(၁)စစ်ဒေသ၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ကာကွယ်ရေးတပ်ပေါင်းစုများမှ ၂၀၂၃ နိုဝင်ဘာတွင် ထိန်းချုပ်ထားသော ရွှေပြည်အေးမြို့ကို စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီ ၂၃ရက်တွင်ထိုးစစ်ဆင်လာရာ နှစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီ ၃ရက်တွင် ဆုတ်ခွာသွားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံတပ်များဖြစ်သော SNAတပ်၊ပျူစောထီးတပ်များမှ အင်အား ၄၀၀ခန့်ဖြင့် ထိုးစစ်ဆင်လာသော်လည်း ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည့် အခြေအနေအောက်တွင် ဖေဖော်ဝါရီ ၃ရက်ညပိုင်း၌ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တပ်ဆုတ်ပြေးလာသည့် စစ်ကြောင်းကို အသင့်စောင့်ဆိုင်းနေသည့် ကာကွယ်ရေးတပ်ပေါင်းစုက လက်ဦးမှုရယူပစ်ခတ်ခဲ့ရာ နာရီဝက်ကြာ အနီးကပ် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၅ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း HPDF-124က ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ၏ စည်းလုံးညီညွတ်စွာ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရွှေပြည်အေးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်၏ ရွှေပြည်အေးမြို့ ထိုးစစ်ဆင် စစ်ကောင်စီက ဟောင်ဝစ်ဇာအမြောက်များ ပစ်ခတ်ခြင်း၊ စစ်သုံးရဟတ်ယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ကို စစ်ဒေသ(၁)အထူးတပ်ဖွဲ့ ၊ ခန္တီးခရိုင် တပ်ရင်း (၁)၊ ခန္တီးခရိုင် တပ်ရင်း(၂)၊ ပကဖ အဖွဲ့များနှင့် ခန္တီးခရိုင် တပ်ရင်း(၃) (HPDF -124 ) စသည့် ကာကွယ်ရေးတပ်ပေါင်းစုများမှ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီ၏ ရွှေပြည်အေးမြို့ ထိုးစစ်တွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများ၌ မြေမြှုပ်ထားသည်ကို တွေ့ရကြောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဟုမ္မလင်း PDFတို့က အသိပေးထုတ်ပြန်ထားသည်။

တခြားသတင်းတရပ်အဖြစ် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က PDF ဂိတ်အပါအဝင် နေရာလေးခုအား Mi-35 ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၅ ရက်)နံနက် ၁၀ နာရီဝန်းကျင်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသည့် MI35 တစ်စီးသည် ဆားလင်းကြီးမြို့၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်ရှိ နေရာလေးနေရာအား ပစ်ခတ်တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အားလုံးပေါင်း လေးလုံးပစ်သွားတယ်။ ပစ်သွားတဲ့တစ်နေရာမှာ PDF ဂိတ်ရှိတယ်။ နောက်တစ်နေရာက သူတို့ဖြတ်ဖြတ်လာလို့ရှိရင် မိုင်းဆွဲခံရတဲ့နေရာတွေကို ခန့်မှန်းပြီး လာပစ်သွားတာ။ထိခိုက်မှုမရှိဘူးလို့ပြောတယ်။ လေးနေရာက အဲနားအနီးတဝိုက်တင်ပစ်သွားတာ။”ဟု ဆားလင်းကြီးအခြေစိုက် ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းက ပြောသည်။

ဇန်နဝါရီ ၂၁ ရက်က ဆားလင်းကြီးမြို့မှ လာသည့်စစ်ကြောင်းကို ပုလဲ၊ ယင်းမာပင်နှင့် ဆားလင်းကြီး မြို့နယ်အစပ်ရှိ လက်တောင်းငယ်ကျေးရွာအနီးတွင် ဒေသခံ PDF ပူးပေါင်းအဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြသည်။

ထို့ကြောင့် အထိနာခဲသည့် စစ်ကောင်စီတပ်က၎င်းတို့ စစ်ကြောင်းထွက်မည့်လမ်းကြောင်းများအား ကြိုတင်ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁၂ ရက်ကလည်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင် ကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးရုံးကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တရားရေးတာဝန်ခံအပါအဝင် ၅ ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။