Connect with us

Hi, what are you looking for?

သတင်း

သိမ်းပိုက်ထားသည့် မန်တုံခလရ(၁၃၀) စခန်းကုန်းအား TNLA၊ NUGနှင့် TPCC တာဝန်ရှိသူများ သွားရောက်ကြည့်ရှု

TNLA၊ NUGနှင့် TPCC ခေါင်းဆောင်များ သွားရောက်သည့်ခရီးစဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။

(မန်တုံခလရ(၁၃၀) စခန်းကုန်းအား TNLA၊ NUGနှင့် TPCC တာဝန်ရှိသူများ သွားရောက် ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - TNLA)
(မန်တုံခလရ(၁၃၀) စခန်းကုန်းအား TNLA၊ NUGနှင့် TPCC တာဝန်ရှိသူများ သွားရောက် ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - TNLA)

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မန်တုံမြို့အခြေစိုက် ခလရ(၁၃၀) စစ်တပ်ကုန်းအား တအာင်းတပ်မတော်(TNLA) ခေါင်းဆောင်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဒုဝန်ကြီးတို့ အတူတကွ သွားရောက်ကြည့်ရှုခဲ့ဟု TNLAက ယနေ့ အသိပေးထုတ်ပြန်သည်။

အဆိုပါ ခလရ(၁၃၀)တပ်စခန်းအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့အတူ ဖေဖော်ဝါရီ ၃ရက်က သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(မန်တုံခလရ(၁၃၀) စခန်းကုန်းအား TNLA၊ NUGနှင့် TPCC တာဝန်ရှိသူများ သွားရောက် ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - TNLA)
(မန်တုံခလရ(၁၃၀) စခန်းကုန်းအား TNLA၊ NUGနှင့် TPCC တာဝန်ရှိသူများ သွားရောက် ကြည့်ရှုနေစဉ်။ ဓာတ်ပုံ – TNLA)

ခရီးစဉ်အတွင်း ခလရ(၁၃၀) တပ်ရင်းအတွင်း တပ်တွင်းအခြေအနေ၊ ပျက်စီးသွားသည့် အဆောက်အဦးများကို ကို ကြည့်ရှုခဲ့သည်ဟု အသိပေးပြီး ဓာတ်ပုံမှတ်တမ်းများကို ဖော်ပြခဲ့သည်။

TNLA၊ NUGနှင့် TPCC ခေါင်းဆောင်များ သွားရောက်သည့်ခရီးစဉ်နှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA သတင်းပြန်ကြားရေးထံသို့ ဆက်သွယ်ခဲ့ရာ အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ ခလရ(၁၃၀) တပ်စခန်းကို ၂၀၂၃ ဒီဇင်ဘာ ၂၂ ရက်တွင် TNLAက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ စစ်ကောင်စီ တပ်စခန်း ၈၀ကျော်၊ မြို့ ၇မြို့ကို သိမ်းပိုက်ရရှိထားသည်။ မန်တုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် ကွတ်ခိုင်မြို့များကို TNLAက သိမ်းပိုက်ပြီးနောက် အဆိုပါ မြို့များသို့ TNLA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်မှု မကြာခဏ ရှိခဲ့သော်လည်း NUG ခေါင်းဆောင်အချို့နှင့် အတူတကွ သွားရောက်မှုကို ယနေ့တွင် ပထမဆုံး အသိပေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

Facebook