သတင်း ချောင်းတောင်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်လေးဦးသေဟု ရေးဘီလူးအဖွဲ့ပြော ရေးဘီလူးအဖွဲ့သည် ဇွန်လ ၂၀ရက်ကလည်း ရေးမြို့နယ် ကျောက်မိချောင်းရွာမှ စစ်ကောင်စီ ၏ စစ်မှုထမ်းဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုဆိုသည်။ ၎င်းသည် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က အသိပေးထားသည်။ LuduNwayOoဇွန် 22, 2023
သတင်း ဆောနယ်တွင် PDF ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟု ဒေသခံပြော ပခုက္ကူမြို့မှ ကျောက်ထုသို့ ဦးတည်လာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီယာဉ်တန်းကို ဇွန်လ ၂၁ရက်ညပိုင်း၌ ဆောမြို့နယ် အညာရွာနှင့် တပြင်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း မြောက်ဥက္ကလာပ ဓားပြမှုနှင့်ပတ်သက်၍ စွပ်စွဲမှုအပေါ် PDF တွံတေး ရှင်းလင်း မြောက်ဥက္ကလာပမြို့နယ် မြတ်မောင်စိန် ရွှေဆိုင်ဓားပြတိုက်သည့် ဖြစ်စဉ်မှ ဖမ်းဆီးခံရသူများက ယင်းကိစ္စကို PDF တွံတေး ခေါင်းဆောင် ဗိုလ်ဆံရှည် (ခ) ကိုထက်နှင့် ချမ်းမြေ့အောင်တို့က လက်နက်များပေးခဲ့သည်ဟု ထွက်ဆိုကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ဖော်ပြထားသည်။ LuduNwayOoဇွန် 22, 2023
သတင်း ဖျာပုံမြို့အနီး ပင်လယ်ပြင်တွင် ငလျင်များ ဆက်တိုက်လှုပ်နေ၍ ဒေသခံများစိုးရိမ်နေ ဇွန်လ ၁၉ ရက် ၈ နာရီခန့်ကလည်းရစ်ခ်ျတာစကေး ၅ဒဿမ ၄ အဆင့်ငလျင်လှုပ်ခဲ့ပြီး ယမန်နေ့ (ဇွန်လ ၂၁ရက်) နံနက်တွင် ရစ်ခ်ျတာစကေး ၄ဒဿမ ၇ အဆင့်ဖြင့် လှုပ်ခဲ့သည်။လေးကြိမ်စလုံးသည် မြေအနက်တိမ်သည့်နေရာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု USGS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ LuduNwayOoဇွန် 22, 2023
သတင်း ပဒူရွာကို စစ်ကောင်စီတပ်က တစ်လအတွင်း ၁၅ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီး ပဒူကျေးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအပြင် နွားစာအတွက်ပါ အခက်အခဲများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း စစ်အုပ်စု ထိန်းချုပ်ထားသည့် နိုင်ငံတော်ဘဏ်နှစ်ခုကိုအမေရိကန် ဒဏ်ခတ်ပိတ်ဆို့ခြင်းကို တော်လှန်အင်အားစုများကြိုဆို အာဏာသိမ်းစစ်အုပ်စုကို အမေရိကန် အစိုးရက ၂ နှစ်ကျော်အတွင်း လူပုဂ္ဂိုလ် ၈၀ ကျော်နှင့် အဖွဲ့အစည်း ၃၀ ကျော်ကို အရေးယူဒဏ်ခပ်ပိဆို့ခဲ့ရ ဘဏ်နှစ်ဘဏ်နှင့် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာနကို ဇွန် ၂၁ ရက်နေ့စွဲဖြင့် အရေးယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 22, 2023
သတင်း ပန်းသပိတ်နေ့ မန္တလေးမှာ ဆရာဝန် အပါအဝင် လူ ၂၀ ခန့် ဖမ်းခံရ ဖမ်းဆီးထားတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို စစ်ကောင်စီရဲ့သတင်းတွေကိုဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ ၊ဖေ့ဘွတ်ခ်လူမှုကွန်ရက်တွေမှာတင်ထားတာတွေ့ရပါတယ်။ LuduNwayOoဇွန် 22, 2023
သတင်း ဖရူဆိုမြို့နယ်အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် ဇွန်လ ၂၁ ရက် ည ၁၂ နာရီကျော်ခန့်က ဖရူဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို လေယာဉ်ဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း ဖားကန့်ရှိ KIO ရုံးတစ်ခု စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီး၊ သေဆုံးထိခိုက်ဖမ်းဆီးခံရသူများရှိ ဒေသတွင်း ကချင်သတင်းဌာန KNG ၏ ဖော်ပြချက်တွင် အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ၁၂ဦး ထိခိုက်မှုရှိခဲ့ပြီး ယင်းအနက် သုံးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများ ဖမ်းဆီးခံရသူများရှိသည်ဟု ဆိုသည်။ LuduNwayOoဇွန် 22, 2023
သတင်း အမေရိကန်က ဘဏ်နှစ်ခုအပြင် စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန ကိုပါဒဏ်ခတ်အရေးယူ အမေရိကန်အစိုးရက စစ်တပ်အာဏာသိမ်းမှုကြောင့် လူပုဂ္ဂိလ် ၈၀ ကျော်နဲ့ အဖွဲ့အစည်း ၃၀ ကျော်ကိုလည်း အရေးယူဒဏ်ခတ်ထားပါသေးတယ်။ LuduNwayOoဇွန် 22, 2023