သတင်း ကျိုက်မရော တောင်ကလေး ရဲစခန်း စခန်းသိမ်းတိုက်ပွဲပြင်းထန်နေ ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း KIA တပ်မဟာ(၈)နယ်မြေကို စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း စစ်ကောင်စီတပ်အား ပိုမိုထိရောက်စွာတော်လှန်နိုင်ရန် ADFနှင့် ယောတော်လှန်ရေးတပ် -YRA ပူးပေါင်း ယောတော်လှန်ရေးတပ်-YRA(ထီးလင်း)အနေဖြင့် ၎င်းပူးပေါင်းမှုအားဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပိုမိုထိရောက်စွာ စွမ်းဆောင်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ခင်ဦးနှင့် ရွှေဘိုနယ်စပ်ရှိ ရွာများကို စစ်ကောင်စီတပ်က သုံးရက်အတွင်း နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီး၊ ဒေသခံပြည်သူ ငါးဦးသတ်ဖြတ်ခံရ ဒေသတွင်း PDFများနှင့်လည်း တိုက်ပွဲဖြစ်ပွားနေပြီး ဒဏ်ရာရရှိသူများအား ထမ်းစင် နှစ်ခု၊ ခေါင်းပတ်တီးစီးဖြင့် နှစ်ဦးပါလာကာ အင်အား(၆၀)ကျော်ခန့်သာ မြင်တွေ့ရကြောင်း၊ ၁၀ဦးခန့် အင်အားလျော့ကျသွားကြောင်း KUDF Information Team က ပြောသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း တော်လှန်ရေးအတွက် ဘက်ဒီကမ်ပိန်း ကမ်ပိန်းကာလဟာ နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးရဲ့ ၃၀ ရာခိုင်နှုန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၊ ၇၀ ရာခိုင်နှုန်းကို ကရင်နီပြည်အတွက် အသုံးပြုသွားမယ်လို့သိရပါတယ်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုထပ်တိုး ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။ LuduNwayOoနိုဝင်ဘာ 21, 2022
သတင်း ကလေး-တမူးလမ်းကို တစ်ပါတ်အတွင်းလုံးဝအသုံးမပြုရန် PDF သတိပေး စစ်ကောင်စီနှင့်စစ်ရေးပိုမိုတင်းမာလာ၍ကလေး-တမူးလမ်းမကြီးအား သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အသေးစိပ်ကိုမူ မပြောလိုသေးဟုဆက်ပြောသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ် ပစ်ခတ် ပစ်၍ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးသေဆုံး၊ တစ်ဦးဖမ်းခံရပြီး တစ်ဦးကျည်ထိ ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 20, 2022
သတင်း သံဖြူဇရပ်နှင့် ရေးကြားတွင် စစ်ကောင်စီယာဉ်များကို သုံးကြိမ်တိုက်ခိုက်ခဲ့ဟု တောင်ညိုပြောက်ကျား တပ်အသိပေး ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ LuduNwayOoနိုဝင်ဘာ 20, 2022