Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်အား တစ်ရက်တည်း ငါးကြိမ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(မတ်လ ၇ ရက်က စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ စစ်ဒေသခွဲ)
(မတ်လ ၇ ရက်က စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ စစ်ဒေသခွဲ)

▪️တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးပြီး လေးဦးထိခိုက်

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မတ်လ ၇ ရက် တစ်ရက်တည်း ထိတွေ့တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်မှုကို မြိတ်ခရိုင် PDF တပ်ရင်း (၂)၊ မြိတ်(ပ.က.ဖ)၊ တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နှင့် တနင်္သာရီတော်လှန်ရေးအဖွဲ့များပူးပေါင်းပြီး တမုတ်ချုံရွာအနီးတွင် တိုက်ခိုက်မှုသုံးကြိမ်နှင့် ဗောဓိကမ်းတံတားလုံခြုံရေးဂိတ်၊ ညောင်ပင်ကွင်းတံတားဂိတ်တို့ကို ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် ယာဥ်တန်းမှာ ရှေ့သို့ ဆက်မသွားနိုင်တော့ဘဲ တမုတ်ချုံရွာသို့ ခြေကျင်လျှောက်ဝင်ရောက်သွားရာ PDF ပူးပေါင်းတပ် များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေးအတွက်မသိရသေးပေ။ အလားတူ ယင်းနေ့ညပိုင်းတွင်လည်း တမုတ်ချုံရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း မြိတ်(ပ.က.ဖ)မှ တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် PDF တပ်ပေါင်းစုမှ အခြားစစ်ကြောင်းတစ်ခုက မတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီမြို့နယ် ဗောဓိကမ်းတံတားရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နံနက် ၁၀ နာရီခန့်မှာ တနင်္သာရီမြို့နယ် ဗောဓိကမ်းတံတားလုံခြုံရေးချထားတဲ့ စခတွေကို ဒရုန်းနှစ်စီးနဲ့ဗုံးသီး လေးလုံးချခဲ့ပါတယ်။ အဲဒီပွဲ ထိခိုက် မှု မသိရသေးဘူးဗျ”ဟု မြိတ်(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အလားတူ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအနီး တံတားတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သား (၂၀)ဦးခန့်ကို PDF ပူးပေါင်းတပ်က မတ်လ ၇ ရက်နံနက် ၁၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ၍ တိုက်ခိုက်ခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး PDF ပူးပေါင်းတပ်များမှ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကျဆုံးကာ လေးဦးထိခိုက်ခဲ့ကြောင်း မြိတ်(ပ.က.ဖ)က People’s Spring သို့ အတည်ပြုသည်။

အထက်ပါ တိုက်ခိုက်ခံရမှုများကြောင့် အထိနာခဲ့သော စစ်ကောင်စီတပ်က တနသ်ာရီမြို့နယ်အတွင်း သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်လျှက်ရှိရာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ကျေးရွာများအနီးမှ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်