Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်အား တစ်ရက်တည်း ငါးကြိမ်တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိနိုင်ဟုဆို

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(မတ်လ ၇ ရက်က စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ စစ်ဒေသခွဲ)
(မတ်လ ၇ ရက်က စစ်ရေးတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သော PDF ပူးပေါင်းတပ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ စစ်ဒေသခွဲ)

▪️တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးပြီး လေးဦးထိခိုက်

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မတ်လ ၇ ရက် တစ်ရက်တည်း ထိတွေ့တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က People’s Spring သတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီတပ်အား တိုက်ခိုက်မှုကို မြိတ်ခရိုင် PDF တပ်ရင်း (၂)၊ မြိတ်(ပ.က.ဖ)၊ တနင်္သာရီ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နှင့် တနင်္သာရီတော်လှန်ရေးအဖွဲ့များပူးပေါင်းပြီး တမုတ်ချုံရွာအနီးတွင် တိုက်ခိုက်မှုသုံးကြိမ်နှင့် ဗောဓိကမ်းတံတားလုံခြုံရေးဂိတ်၊ ညောင်ပင်ကွင်းတံတားဂိတ်တို့ကို ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တမုတ်ချုံရွာအနီးတိုက်ခိုက်မှုတွင် မြိတ်ဘက်မှ တနင်္သာရီဘက်သို့လာသော အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီယာဥ်သုံးစီးကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိတ် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ခံရမှုကြောင့် ယာဥ်တန်းမှာ ရှေ့သို့ ဆက်မသွားနိုင်တော့ဘဲ တမုတ်ချုံရွာသို့ ခြေကျင်လျှောက်ဝင်ရောက်သွားရာ PDF ပူးပေါင်းတပ် များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေးအတွက်မသိရသေးပေ။ အလားတူ ယင်းနေ့ညပိုင်းတွင်လည်း တမုတ်ချုံရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းတပ်များက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း မြိတ်(ပ.က.ဖ)မှ တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် PDF တပ်ပေါင်းစုမှ အခြားစစ်ကြောင်းတစ်ခုက မတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီမြို့နယ် ဗောဓိကမ်းတံတားရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“နံနက် ၁၀ နာရီခန့်မှာ တနင်္သာရီမြို့နယ် ဗောဓိကမ်းတံတားလုံခြုံရေးချထားတဲ့ စခတွေကို ဒရုန်းနှစ်စီးနဲ့ဗုံးသီး လေးလုံးချခဲ့ပါတယ်။ အဲဒီပွဲ ထိခိုက် မှု မသိရသေးဘူးဗျ”ဟု မြိတ်(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အလားတူ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအနီး တံတားတွင် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်သား (၂၀)ဦးခန့်ကို PDF ပူးပေါင်းတပ်က မတ်လ ၇ ရက်နံနက် ၁၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံးသီးတစ်လုံးချ၍ တိုက်ခိုက်ခဲ့သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး PDF ပူးပေါင်းတပ်များမှ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကျဆုံးကာ လေးဦးထိခိုက်ခဲ့ကြောင်း မြိတ်(ပ.က.ဖ)က People’s Spring သို့ အတည်ပြုသည်။

အထက်ပါ တိုက်ခိုက်ခံရမှုများကြောင့် အထိနာခဲ့သော စစ်ကောင်စီတပ်က တနသ်ာရီမြို့နယ်အတွင်း သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်လျှက်ရှိရာ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ကျေးရွာများအနီးမှ ပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။