Connect with us

Hi, what are you looking for?

သတင်း

ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ရေးဆက်လက်တင်းမာနေ

SNAတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းဒေသအစပ် စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦးက ရန်သူ့တပ် စစ်ကောင်စီတပ်သားများအား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - The Kachin Net)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်နှစ်ဦးက ရန်သူ့တပ် စစ်ကောင်စီတပ်သားများအား ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - The Kachin Net)

▪️မတ်လ ၆ရက်တိုက်ပွဲ KIAက ထိခိုက်ကျဆုံးမရှိဘဲ ရှမ်းနီ SNA တပ်အထိနာဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ အနီး၌ မတ်လ ၆ရက်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီလက်အောက်ခံတပ် ရှမ်းနီ(SNA) တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဆယ်ဇင်းဒေသခံက ပြောသည်။

မတ်လ ၆ရက်က ဆယ်ဇင်းအနီးရှိ မှန်စိမ်း၊နံ့ကသာ၊နတ်နစ် အရပ်မှ KIA တိုက်ခိုက်သိမ်းပိုက် ထားသည့် တပ်စခန်းနေရာများအား ရှမ်းနီတပ် SNAက ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“သတင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ KIAရော SNA ရောအထိအခိုက်အကျဆုံးများတယ်လို့ ပြောလို့ အဲဒါ KIAဘက်က အထိအခိုက်အကျဆုံး လုံး၀မရှိပါဘူး။လက်ရှိ အခြေအနေက တစ်ဖက်နဲ့ တစ်ဖက်တင်းမာနေဆဲပါ။ပုံမှန်အတိုင်း ဆက်ရှိပါတယ်။ KIA/PDFကလည်း သိမ်းထားတဲ့နေရာတွေမှာ ပုံမှန်အတိုင်း ထပ်ထိုင်ထားပါတယ်။ သိမ်းထားတဲ့နေရာတွေဆိုတာ မှန်စိမ်း၊ နတ်နစ်၊ နံ့ကသာ အဲဒီမှာပဲ ထိုင်မြဲ ထိုင်ထားဆဲပါ။ တိုက်ပွဲကတော့ မပြီးသေးပါဘူး”ဟု KIAနှင့်နီးစပ်သည့် ဆယ်ဇင်းဒေသခံက ပြောသည်။

မတ်လ ၆ရက် နံနက် ၁၁နာရီမှ နေ့လည် ၁နာရီအထိဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီလက်အောက်ခံ SNAတပ်မှ သေဆုံးထိခိုက်များပြားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲမတိုင်ခင်ကလည်း KIAက ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသရှိ စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဆိုင်းတောင်ရဲစခန်းတိုက်ခိုက်မှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသော်လည်း ဆယ်ဇင်းဒေသ မှန်စိမ်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရသေးဟု ပြော သည်။

SNAတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ကချင်နှင့် စစ်ကိုင်းဒေသအစပ် စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။