Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်၏ အကူအညီများရရှိရေး CRPH ဥက္ကဋ္ဌနှင့် ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့ တွေ့ဆုံဆွေးနွေး

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးသည် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

(ဦးအောင်ကြည်ညွန့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Derek Chollet's Twitter)
(ဦးအောင်ကြည်ညွန့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Derek Chollet's Twitter)

အမေရိကန်ပြည်‌ထောင်စု၏ အကူအညီများရရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးစဉ် သွားရောက်နေသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံ Derek Chollet နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် BURMA Act အကောင်အထည်ဖော်ဆောင်မှုအတွက် အမေရိကန်ပြည်‌ထောင်စု၏ အကူအညီများရရှိရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိမြန်မာနိုင်ငံအတွင်းရှိ စစ်ရှောင်ပြည်သူများနှင့် အရေးပေါ်အကူအညီလိုအပ်နေသူများအတွက် ထိရောက်သော ပံ့ပိုးကူညီမှုများပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ CRPH၏ လုပ်ငန်းဆောင်ရွက်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်အကူအညီများရရှိနိုင်ရေးနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းအားထုတ်မှုများတွင် ထိရောက်သော အကူအညီများ ရရှိနိုင်ရေးတို့အတွက် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု ထုတ်ပြန်သည်။

ထို့အပြင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ၀င်းမြတ်အေးနှင့် CRPH အဖွဲ့ဝင်များသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို မတ် ၃ မှ ၅ ရက်အထိ တက်ရောက်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အစည်းအဝေးတွင် အာဆီယံနိုင်ငံများ ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် နွေဦး တော်လှန်ရေးတွင် CRPH၊ NUG နှင့် NUCC တို့၏ အခန်းကဏ္ဍများနှင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး လက်တွဲ ဆောင်ရွက်နေမှုများ၊ မြန်မာ့ လွှတ်တော်ကိုယ်စားလှယ်များ ကြုံတွေ့နေရသည့် အကြမ်းဖက်ခံရမှုများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

APHR အဖွဲ့ဝင်သည် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် ပိုမိုဆိုးဝါးသည့် ပဋိပက္ခများကို ဦးတည်နေသည့်အတွက် ၎င်းတို့အနေဖြင့် လုံးဝ ဆန့်ကျင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိိုသည်၊ လတ်တလော စစ်ကိုင်းတိုင်း တာတိုင်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်စွာ မုဒိန်းကျင့် သတ်ဖြတ်မှုများကို ရှုတ်ချကြပြီး မြေပြင်တွင် ဒုက္ခရောက်နေကြသော ပြည်များကို လက်တွေ့ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွားရန်လည်း ဆွေးနွေးခဲ့သည်ဟု ဖော်ပြသည်။

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးလည်းဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးသည် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများကို အမှန်တကယ်လိုအပ်သော နေရာများသို့ ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။