Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်

မတ်လ ၆ ရက်နှင့် ၇ ရက်များက မုံရွာ-ချောင်းဦးလမ်းပိုင်း၊ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ပုံအဟောင်း အသုံးပြုထားပါသည်)
(မုံရွာ - မန္တလေးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ပုံအဟောင်း အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီး၏မုံရွာ – ချောင်းဦး လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု MLRUက အသိပေးကြေညာသည်။

ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းမှစ၍ နောက်ထပ် ကြေညာချက်တစုံတရာမထုတ်ပြန်မီအချိန်အထိ အရေးပေါ်အခြေအနေအရ ယာယီပိတ် ထားလိုက်​ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းများကို ပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းအား လက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစုမေတ္တာရပ်ခံထားသည်။

မတ်လ ၆ ရက်နှင့် ၇ ရက်များက မုံရွာ-ချောင်းဦးလမ်းပိုင်း၊ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

ခင်ဦးမြို့နယ် အ​နောက်ခြမ်းရှိ​ကျေးရွာများကို ဇန်နဝါရီ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်းကလည်း စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။