Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်

မတ်လ ၆ ရက်နှင့် ၇ ရက်များက မုံရွာ-ချောင်းဦးလမ်းပိုင်း၊ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

(မုံရွာ - မန္တလေးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ပုံအဟောင်း အသုံးပြုထားပါသည်)
(မုံရွာ - မန္တလေးလမ်းပိုင်းတစ်နေရာအား တွေ့ရစဥ်။ ပုံအဟောင်း အသုံးပြုထားပါသည်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီး၏မုံရွာ – ချောင်းဦး လမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု MLRUက အသိပေးကြေညာသည်။

ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းမှစ၍ နောက်ထပ် ကြေညာချက်တစုံတရာမထုတ်ပြန်မီအချိန်အထိ အရေးပေါ်အခြေအနေအရ ယာယီပိတ် ထားလိုက်​ကြောင်း၊ ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းများကို ပြည်သူတို့၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါလမ်းပိုင်းတွင် သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းအား လက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစုမေတ္တာရပ်ခံထားသည်။

မတ်လ ၆ ရက်နှင့် ၇ ရက်များက မုံရွာ-ချောင်းဦးလမ်းပိုင်း၊ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။