Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မဲဇလီကုန်းမြို့တွင်ရဲနှင့်ပျူများ မိုင်းဆွဲတိုက်ခိုက်ခံရ

မဲဇလီကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်မတ်လ ၈ ရက် နေ့လည် ၁၂ နာရီခန့်က ရဲတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

(မဲဇလီကုန်းမြို့ရှိ ဗိုလ်​အောင်​ကျော်​ဈေး။ဓါတ်ပုံ-CJ)
(မဲဇလီကုန်းမြို့ရှိ ဗိုလ်​အောင်​ကျော်​ဈေး။ဓါတ်ပုံ-CJ)

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင်စစ်ကောင်စီရဲနှင့်ပျူစောထီး အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ နှစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံအချို့က​ပြောသည်။

မဲဇလီကုန်းမြို့၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်မတ်လ ၈ ရက် နေ့လည် ၁၂ နာရီခန့်က ရဲတပ်ဖွဲ့နှင့်ပျူစောထီးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

” သူတို့ကလုံခြုံရေးအကြောင်းပြပြီး မြို့ထဲလမ်းသလားနေတဲ့အဖွဲ့။ စုစုပေါင်း ရဲငါးယောက်၊ ပျူစောထီးတစ်ယောက်ပါတယ်။ ထိခိုက်တာတွေ ရှိပေမယ့် အတည်ပြုသတင်းကို စောင့်နေဆဲပါ”ဟု အင်္ဂပူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်​​သော​ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စွန်ရဲနီနွေဦးတော်လှန်ရေးအောင်ဆန်းတပ်ရင်းနှင့် အင်္ဂပူမြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ၎င်းတို့နှစ်ဖွဲ့သည် မတ်လ ၂ရက်ကလည်း မဲဇလီကုန်းဒေသနှင့်ထိစပ်နေသော ရိုးမပေါ်တွင် စစ်ကောင်စီတပ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ပြီး စစ်ကောင်စီပစ်မှတ်များကိုတိုက်ခိုက်မှုနှင့်စစ်အာဏာရှင်ဆန့်ကျင်လေး လူထုသပိတ်များ မကြာခဏပေါ်ပေါက်​နေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝရက်က ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတစ်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဗုံးကခွဲတိုက်ခိုက်ခဲ့သည်။ အလာတူမော်လမြိုင်ကျွန်းမြို့မှ မဘသဥက္ကဌလည်းဖြစ် ၊​​ဒေသတွင်းပျူ​ခေါင်း​ဆောင်တစ်ဦးကိုလည်း ​တော်လှန်​​ရေးအဖွဲ့များကပစ်ခတ်ရှင်းလင်းခဲ့သည်။

ထို့အပြင် ကြံခင်းမြို့တွင်လည်း စကြဝတေးမင်းကြီးသပိတ်ကောင်မတီအဖွဲ့ဝင်များက စစ်အာဏာရှင်ဆန့်ကျင်လေး လူထုသပိတ်များ နေ့စဉ်လိုလို ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

သတင်း

နိုဝင်ဘာအတွင်းကလည်း မတ္တရာနယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများကာ ပြည်သူအချို့လည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏လက်နက်ခဲယမ်းထောက်ပို့ရထားကို ပဲခူးတိုင်း၊ကညွတ်ကွင်းမြို့အနီးမှစောင့်၍ ယနေ့( ဩဂုတ်လ ၁၈ ရက်) နံနက် ၉ နာရီဝန််းကျင်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။