သတင်း စစ်ကောင်စီတပ် ကင်းထောက်လေယာဉ်သရက်ချောင်းမြို့နယ်တွင်ပျက်ကျ မြိတ်လေတပ်စခန်းမှ တက်လာသည့် အဆိုပါ စစ်ကောင်စီလေယာဉ်ငယ် ၅ စီးသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊လောင်းလုံနှင့်ရေဖြူမြို့နယ်များရှိ PDF စခန်းကို ကင်းထောက်ရန် နိုဝင်ဘာ ၁၉ ရက်မနက်၈နာရီက စတင်ထွက်လာခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း မန္တလေး သံလျှက်မှော် မင်းကုန်းရပ် အုပ်ကြီး ပစ်သတ်ခံရ ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသင်တန်းပေးတဲ့ ပျုစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း အိုးဘိုထောင်မှာ နိုင်ကျဉ်းတစ်ဦး ဆုံးပါး အဲဒီနိုင်ကျဉ်းဟာ CDM ဝန်ထမ်းဖြစ်ပြီး အင်းစိန်ထောင်ကနေ ထောင်ရွှေ့ခံရသူဖြစ်တယ်လို့ ထောင်တွင်းကပေးပို့လာတဲ့ စာမှာတွေ့ရပါတယ်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း အင်းတော်မြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ၂၀ဦးထက်မနည်းသေဟု IR ပြော တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၍ တောင်ရင်းရွာသုံးပုံနှစ်ပုံပြာကျ ယမန်နေ့ (နိုဝင်ဘာ၁၈ ရက်)က စစ်ကောင်စီတပ် သည် စစ်ကိုင်းမြို့နယ် တောင်ရင်းရွာအား မီးရှို့ဖျတ်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ ရာဂဏန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း မုံရွာ(နမခ)မှထွက်လာသော မိုင်းရှာစစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက် တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်ဆောင်သွားသည်ဟုဆိုသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း မုံရွာ – မြင်းမူလမ်းပိုင်းနှင့် ပခုက္ကူလမ်းပိုင်းအား ယာယီပိတ် ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ မုံရွာ - ချောင်းဦး - ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း ဒီးမော့ဆိုမြို့နယ် ဆင်မတောင်ရွာရှိ တပ်စခန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ KNDF ပြော KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း KIA နှင့်ဆက်စပ်သည်ဆိုကာ ဖားကန့်ဒေသခံငါးဦးကို စစ်ကောင်စီဖမ်းဆီး ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။ LuduNwayOoနိုဝင်ဘာ 19, 2022
သတင်း မြိုင်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကံတော်ရွာမှ ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2022