Connect with us

Hi, what are you looking for?

သတင်း

မတူပီတွင်တစ်ရက်တည်းတိုက်ပွဲ၅ကြိမ်ဖြစ်၊ စစ်သား ၉ ဦးသေပြီး​သေနတ် ၁ လက်ရဟုCDFထုတ်ပြန်

အင်အား ၁၀၀ကျော်ပါ​သောစစ်​ကောင်စီတပ် စစ်ကြောင်းကို ချင်း​ဒေသကာကွယ်​ရေးတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း CDF-မတူပီတာဝန်ရှိသူကပြောသည်။ ချင်း​ဒေသကာကွယ်​ရေးတပ်များဘက်မှထိခိုက်ကျဆုံးမှုမရှိ​ကြောင်းသိရသည်။

(မင်းတပ် - မတူပီလမ်းပေါ်ရှိ တိုက်ပွဲအတွင်း CDF Matupi မှ သိမ်းဆည်းရမိသည့် MA-1 လက်နက်နှင့် ရဲဘော်များ။ ။ဓါတ်ပုံ-CDF မတူပီ)
(မင်းတပ် - မတူပီလမ်းပေါ်ရှိ တိုက်ပွဲအတွင်း CDF Matupi မှ သိမ်းဆည်းရမိသည့် MA-1 လက်နက်နှင့် ရဲဘော်များ။ ။ဓါတ်ပုံ-CDF မတူပီ)

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ယနေ့ တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ (၂၁) ရက်နေ့ ၊ နံနက် ၈နာရီခွဲမှစ၍ အထူးစစ်ဆင်ရေးအဖြစ် မတူပီ – မင်းတပ် လမ်းပေါ်ရှိ စစ်​ကောင်စီတပ်၏ ရှေ့တန်း ကာကင်းစခန်းအား ချင်း​ဒေသကာကွယ်​ရေးတပ်များကဝင်ရောက်စီးနင်းတိုက်ခဲ့သည်။တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရေးနိမ့်နေသော စစ်​ကောင်စီတပ်ကာကင်းစခန်းသို့ နံနက်၁၀နာရီခွဲတွင် စစ်တပ်မှစစ်ကူ‌လာသော စစ်ကြောင်းကိုပါ ချင်း​ဒေသကာကွယ်​ရေးတပ်များက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့သည်။

ထို့အပြင် ယနေ့ နေ့လည် ၂နာရီမှ ၄နာရီအတွင်း၌လည်းမတူပီ- ဟားခါးလမ်း ငလိုင်ရွာနှင့် ခရိုင်ရုံးအကြား ၌ တစ်ကြိမ်၊ ခရိုင်ရုံး အိုးအိမ်ကုန်းထိပ်တွင် တစ်ကြိမ်၊ ဖနိုင်းဘုန်းကြီးကျောင်းတွင်တစ်ကြိမ်သုံးကြိမ်တိုင်တိုင်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

ထို့​ကြောင့်တစ်ရက်အတွင်း မင်းတပ်လမ်းတွင် တိုက်ပွဲနှစ်ကြိမ်၊ ဟားခါးလမ်းတွင် သုံးကြိမ်၊ စုစုပေါင်း ငါးကြိမ် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲငါးကြိမ်အတွင်းစစ်​ကောင်စီတပ်မှ (၉)ဦးသေ ၊ဒဏ်ရာအများအပြားရရှိခဲ့ပြီး မိမိတို့ CDF-MATUPI မှ ရန်သူ့လက်နက် MA-1 တစ်လက် သိမ်းပိုက်ရရှိခဲ့သည်ဟု​ဖော်ပြထားသည်။

အင်အား ၁၀၀ကျော်ပါ​သောစစ်​ကောင်စီတပ် စစ်ကြောင်းကို ချင်း​ဒေသကာကွယ်​ရေးတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း CDF-မတူပီတာဝန်ရှိသူကပြောသည်။ ချင်း​ဒေသကာကွယ်​ရေးတပ်များဘက်မှထိခိုက်ကျဆုံးမှုမရှိ​ကြောင်းသိရသည်။

အဆုပါတိုက်ခိုက်မှုကို မတူပီ CDF၊ CDF-Mara၊ CDF – Zotung တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မတူပီ- ဟားခါးလမ်းရှိ ငလိုင်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၅ရက်တွင် စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။ စစ်ကောင်စီတပ်သည် ငလိုင်ရွာရှိ ခရစ်ယာန် ဘုရားကျောင်းနှင့်လူနေအိမ်အများအပြားကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

မတူပီမြို့နယ်အတွင်းစစ်​ကောင်စီက တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက်တိုက်ပွဲသတင်းများအား အချိန်နှင့် တပြေးညီ မထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်​ကြောင်းလည်းအသိ​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။