စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၌ ဖြစ်ပွားခဲသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း အင်းတော် PDFမှ ရဲဘော်တစ်ဦးက ပြောသည်။
သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားမှာ ခမရ(၄၁၆)မှ တပ်သားချမ်းငြိမ်းနိုင်ဆိုသူ ဖြစ်ပြီး ဇန်နဝါရီ ၂၀ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ကို ရုပ်အလောင်းနှင့်အတူ တွေ့ရသည် အမိန့်ပြန်တန်း၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၂၀ရက်က ထီးချိုင့်မြို့မှလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အင်းတော် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့တို့ အင်းတော်မြို့နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။
