Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တိုက်ပွဲ သေဆုံးခဲ့သည့် စစ်ကောင်စီတပ် ရုပ်အလောင်းတွေ့ရှိ

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။

(သေဆုံးစစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် အမိန့်ပြန်တမ်းစာရွက်အား တွေ့ရစဥ်)
(သေဆုံးစစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် အမိန့်ပြန်တမ်းစာရွက်အား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၌ ဖြစ်ပွားခဲသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်း အင်းတော် PDFမှ ရဲဘော်တစ်ဦးက ပြောသည်။

သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားမှာ ခမရ(၄၁၆)မှ တပ်သားချမ်းငြိမ်းနိုင်ဆိုသူ ဖြစ်ပြီး ဇန်နဝါရီ ၂၀ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် သေဆုံးခဲ့ခြင်းဖြစ်သည်ကို ရုပ်အလောင်းနှင့်အတူ တွေ့ရသည် အမိန့်ပြန်တန်း၌ ဖော်ပြထားသည်။

(သေဆုံးစစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် အမိန့်ပြန်တမ်းစာရွက်အား တွေ့ရစဥ်)
(သေဆုံးစစ်ကောင်စီတပ်သားရုပ်အလောင်းနှင့် အမိန့်ပြန်တမ်းစာရွက်အား တွေ့ရစဥ်)

ဇန်နဝါရီ ၂၀ရက်က ထီးချိုင့်မြို့မှလာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အင်းတော် PDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့တို့ အင်းတော်မြို့နယ် ကြိမ်ချောင်းရွာနှင့် သစ်ပုံလွင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook