Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်​ထွေအုပ်ရုံးတိုက်ခိုက်ခံရစစ်​ကောင်စီအရာရှိတစ်ဦး​သေ ၊​ခြောက်ဦးဒဏ်ရာရ

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

(စစ်​ကောင်စီ၏ မြို့နယ်ထွအုပ်ရုံး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ မြို့နယ်ထွအုပ်ရုံး (ပုံအ​ဟောင်းဖြစ်ပါသည်) ။ဓါတ်ပုံ-CJ)

စစ်​ကောင်စီ၏ ဖားကန့်မြို့နယ်ထွေအုပ်ရုံး ယမန်နေ့ညနေက တိုက်ခိုက်ခံရပြီးစစ်ကောင်စီအရာရှိတစ်ဦးသေဆုံးကာ ၆ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများကပြောသည်။

” ထွေအုပ်ရုံးကို ကားပေါ်ကနေပစ်သွားတာ။ ဗုံးနဲ့ပစ်တာလို့ သိရတယ်။ရုံးထဲမှာအစည်းအဝေးလုပ်နေချိန်ပစ်သွားတာ”ဟု ဖားကန့်ထွေအုပ်ရုံးမိသားစုဝင်တစ်ဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၂၁ရက် ညနေ ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမည်သည့်အဖွဲ့ကပစ်ခတ်သည် တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

Public Service Announcement
Public Service Announcement

“ထွေအုပ်ရုံးကိုတိုက်ခိုက်သွားတဲ့သတင်းရပါတယ်။ဘယ်အဖွဲ့လဲဆိုတာ ကျွန်တော်တို့သိပေးမယ့် အသေးစိတ်တော့ ပြောလို့မရပါဘူး” ဟု ဖားကန့်အခြေစိုက်တော်လှန်ရေးအင်အားစုဝင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီလ၄ရက်ကလည်းဖားကန့်ထွေအုပ်ရုံးတွင်စစ်ကောင်စီကပြုလုပ်နေသည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးပွဲချင်းပြီး​သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။