Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ် တောပုရွာတပ်စွဲထားသောစစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်းစီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မတ္တရာနယ် တောပုရွာတပ်စွဲထားသောစစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
မတ္တရာနယ် တောပုရွာတပ်စွဲထားသောစစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောပုကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီညီအကိုများတော်လှန်ရေးအင်အားစု(ABRF Madaya)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်) ညနေ ၅နာရီခွဲခန့်က မတ္တရာမြို့နယ်၊တောပုကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲပြီးအနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမွှေနှောက်နေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ABRF Madaya၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဧရာဝတီမြစ်ဘေးကျေးရွာများ၌ တပ်စွဲကာ ကျေးရွာများအား ဝင်ရောက်မွှေနှောက်ခြင်း၊ စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ကူးကာ စစ်ကြောင်းထိုးခြင်းများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ဧရာဝတီမြစ်နဲ့က တစ်မိုင်ခွဲလောက်ဝေးတယ်။”ဟု ABRF Madaya၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများထံက သိရကြောင်း ABRF Madaya၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်းစီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၇ရက် နံနက် ၉နာရီခန့်ကလည်း မတ္တရာမြို့နယ်နှင့် တစ်ဖက်ကမ်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုကျေးရွာသို့ စစ်ကောင်စီဘက်က ပစ်ခတ်ဝင်ရောက်ခဲ့ရာ PDFရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။