Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်တွင် ကင်းပတ်ထွက်လာသည့် စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

ဇန်နဝါရီ ၂၀ ရက် ည ၇နာရီခန့်က ဝက်လက်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ဘက်စုံမူးဘောင်အနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GZ Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(GZ Special Task Forceအဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GZ Special Task Force)
(GZ Special Task Forceအဖွဲ့ဝင်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - GZ Special Task Force)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကင်းပတ် ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း GZ Special Task Force(ဝက်လက်)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ ရက် ည ၇နာရီခန့်က ဝက်လက်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ဘက်စုံမူးဘောင်အနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GZ Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးအား GZ Special Task Force (ဘွားကြီးတပ်ခွဲ)နှင့် PAFD တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝက်လက် မြို့ပေါ်ရှိ စစ်အုပ်စုနှင့် မကြာခဏထိတွေ့ မှု ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ် ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force က အသိပေးသည်။

​”သူတို့က ဝက်လက်မြို့ပေါ်ကနေ မြို့အစွန်ကို ညတိုင်ဆိုရင် ကင်းစောင့်ဖို့လာတဲ့နေရာပေါ့ဗျာ။ ပျူတွေနဲ့ပေါင်းပြီးတော့။ အဲဒီနေရာကို ကျွန်တော် တို့က ဦးအောင်မိုင်းဆင်ပြီး သူတို့လာတဲ့အချိန် သူတို့ကင်းစောင့်တဲ့နေရာ ရောက်ပြီဆိုမှ ခွဲချလိုက်တာ။ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ခွဲလိုက်တာ။ လာတာက ၁၅ယောက် လောက်။ သုံးယောက်သေပြီး သုံးယောက်ဒဏ်ရာရတယ်။”ဟု GZ Special Task Force(ဝက်လက်)၏ တာဝန်ခံ ကိုဂျီဇက်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များသည် အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်​ကြောင်းထိုး ဖျက်ဆီးမှုများပြုလုပ်နေပြီး ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းကလည်း ဝက်လက်-လှတောလမ်းအထွက် မူးဘောင်အနီးရှိ နေအိမ် လေးလုံးခန့်အား ဖျက်ဆီးမီးရှို့ထားခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။