Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ လူဦးရေစာရင်းကောက်ယူတဲ့နေရာတွေ ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခံရ

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေစဉ်
ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေစဉ်

ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မန္တလေးမြို့ပေါ်မှာ လူဦးရေစာရင်းကောက်ယူတဲ့ ရက်ကစတင်ပြီး ၁၄ ရက်တာကာလအတွင်း ၁၀ ကြိမ်ထက်မနည်းတိုက်ခိုက်ခံလိုက်ရပါတယ်။

တိုက်ခိုက်မှုတွေကို မြို့ပြပြောက်ကျားအဖွဲ့တွေက မန္တလေးမြို့ပေါ်မြို့နယ်တွေဖြစ်တဲ့ မဟာအောင်မြေ ၊ ချမ်းမြသာစည် ၊ ပြည်ကြီးတံခွန် ၊ အမရပူရ ၊ အောင်မြေသာစံ ၊ချမ်းအေးသာစံ မြို့နယ်တွေ အတွင်းဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ မဲစာရင်းကောက်ယူတဲ့နေရာတွေ ၊ရပ်ကွက်ရုံး ၊ လဝက ရုံး၊ထွေအုပ် ရုံး နေရာတွေဖြစ်တာတွေ့ရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာတွေ ဗုံးကိုအသုံးပြုပြီး အသံဗုံးလည်း ပါကာ လူထိခိုက်သေဆုံးမှု မရှိဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှု မှာပါဝင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ဖြစ်တဲ့ NMD က ပထမအဆင့်အနေနဲ့ သတိပေး ဖောက်ခွဲတာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူတာကို ရန်ကုန် ၊မန္တလေးမြို့ကြီးတွေအပါအဝင် နိုင်ငံအနှံမှာ ဇန်နဝါရီလ ၉ ရက်ကစတင်ပြီး ဇန်နဝါရီလကုန်ထိ ကောက်ယူနေတာပါ။

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တာမို့ လူဦးရေမဲစာရင်းကောက်ယူတဲ့အခါ မပူးပေါင်းကြဖို့ ၊ စာရင်းကောက်ယူသူတွေကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ NUG က တရားဝင် ထုတ်ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။