Connect with us

Hi, what are you looking for?

သတင်း

တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေး

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

▪️တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ရ

▪︎​ငွေ​တောင်စား​သောက်ဆိုင်ကိုပြည်သူများ​​ရှောင်ကျဥ်ရန်​​​မေတ္တာရပ်ခံ ၊လုပ်ရပ်အတွက်ဆိုင်တာဝန်ယူရမည်ဟုအသိ​ပေး

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက် ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သောကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း Blackfox YGN UG က အသိပေးသည်။

ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြပြောက်ကျားများက ဗုံးဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်သည်။

“ပြည်သူများအနေဖြင့် ငွေတောင်စားသောက်ဆိုင်သို့ အတတ်နိုင်‌ဆုံးရှောင်ကြဉ်သွားလာဖို့ အထူးမေတ္တာရပ်ခံပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငွေတောင် စားသောက်ဆိုင်အနေဖြင့် မိမိတို့လုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးလိုပါသည်”ဟု Blackfox YGN UG က သတိပေးထားသည်။

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်တိုက်ခိုက်သည့် တော်လှန်ရေးရဲဘော်များကို ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သောကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း Blackfox YGN UG က အသိပေးသည်။

ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို UG များက ဗုံးဖြင့်လာရောက်တိုက်ခိုက်ခဲ့ရာ ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများက ဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်သည်။

“ပြည်သူများအနေဖြင့် ငွေတောင်စားသောက်ဆိုင်သို့ အတတ်နိုင်‌ဆုံးရှောင်ကြဉ်သွားလာဖို့ အထူးမေတ္တာရပ်ခံပါသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ငွေတောင် စားသောက်ဆိုင်အနေဖြင့် မိမိတို့လုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း သတိပေးလိုပါသည်”ဟု Blackfox YGN UG က သတိပေးထားသည်။

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့ကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ Dark Shadow အဖွဲ့ကလည်း ငွေတောင်ဆိုင်အနေဖြင့် ၎င်းတို့လုပ်ရပ်အတွက်တာဝန်ယူရန် သတိပေးထားသည်။

“ကျွန်ုပ်တို့၏ တော်လှန်ရေးဘက်တော်သား ရဲဘော်၊ ရဲဘက်များနှင့် ပြည်သူများကို ဒုက္ခပေး အကြမ်းဖက်သော စစ်ကောင်စီ၏ ကြိုးဆွဲရုပ် ဒလန်များနှင့် နောက်လိုက်များအားလုံးကို လွတ်လပ်ရေးပန်းတိုင်၏ ခလုတ်ကန်သင်းအဖြစ် သတ်မှတ်ပြီး ရှင်းလင်းဖယ်ရှားတိုက်ခိုက်သွားမည်”ဟု Dark Shadow UG အဖွဲ့ကအသိပေးထားသည်။

ငွေတောင်စားသောက်ဆိုင်ပိုင်ရှင် ဦးသန်းဝင်း​၏ သား ဖြစ်သူမှာစစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

Facebook