Connect with us

Hi, what are you looking for?

သတင်း

မန္တလေး PDF ရဲဘော်တွေရဲ့ လှုပ်ရှားမှု

မန္တလေး PDF တွင် တပ်ရင်း ၅ရင်းရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ တပ်ရင်းများဖြစ်သည်။

မန္တလေး PDF ရဲဘော်တွေရဲ့ လှုပ်ရှားမှု
မန္တလေး PDF ရဲဘော်တွေရဲ့ လှုပ်ရှားမှု

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများရှိ ရဲဘော်များ၏ လှုပ်ရှားမှု ဓာတ်ပုံမြင်ကွင်းများကို မန္တလေး(PDF)က ယနေ့ ထုတ်ပြန်သည်။

နေရာဒေသ ဖော်ပြထားခြင်းမရှိသည့် တောတောင်နှင့် စမ်းချောင်းများ၌ PDF ရဲဘော်များ စစ်ရေးအတွက်ပြင်ဆင်လှုပ်ရှားနေသည့် ပုံများကိုတွေ့ရသည်။မန္တလေး PDF ရဲဘော်များအနေဖြင့် RPG၊ စနိုက်ပါ၊ ၄၀မမ နှင့် မောင်းပြန် သေနတ်များ ကိုင်ဆောင် စစ်ရေးလှုပ်ရှားနေသည်ကိုလည်းတွေ့ရသည်။

မန္တလေး PDF ရဲဘော်တွေရဲ့ လှုပ်ရှားမှု
မန္တလေး PDF ရဲဘော်တွေရဲ့ လှုပ်ရှားမှု

မန္တလေး PDF တွင် တပ်ရင်း ၅ရင်းရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ တပ်ရင်းများဖြစ်သည်။

မကြာသေးမီကနေ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မန္တလေး PDF တာဝန်ရှိသူများ တွေ့ဆုံပြီး ယခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များ၊ စစ်ရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးဆုံးဖြတ် အတည်ပြုထားသည်။လက်ရှိ

Public Service Announcement

Public Service Announcement

တပ်ရင်း (၅)ရင်းရှိရာမှ တပ်ရင်းအသစ်များ တိုးချဲ့စုဖွဲ့သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။